Powered by Blog - Widget

Tuesday, November 25, 2014

အွန်လိုင်းပေါ်မှတစ်ဆင့် သင်ကြားနိုင်မည့် မြန်မာဘာသာပြန်ဆိုထားသည့် နိုင်ငံတကာသင်ရိုးညွှန်းတမ်း အရေအတွက် ၅၀၀ ကျော်ရှိလာပြီဖြစ်



Aung Ko Htet (MM IT Knowledge)

မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် ပညာသင်ကြားရေးစနစ် ကျယ်ပြန့်လာစေရန်အတွက် ခန်းမြန်မာအကယ်ဒမီ (Khan Myanmar Aca-demy) အဖွဲ့အစည်းက အွန်လိုင်းပေါ်တွင် မြန်မာဘာသာဖြင့် သင်ယူနိုင် မည့် နိုင်ငံတကာ ဘာသာရပ်ပေါင်း ၅၀၀ ကျော်ကိုလွှင့်တင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံတကာမှကျောင်းသား များနည်းတူ အွန်လိုင်းပေါ်တွင် သင်ကြားနိုင်မည့်ဘာသာရပ်များမှာ သချာင်္၊ သိပ္ပံ၊ အနုပညာ၊ ဘဏ္ဍာရေးနှင့် စာရင်းကိုင်၊ ကွန်ပျူတာ အစရှိသည့်ဘာသာရပ်များဖြစ်ပြီး ယခုလက်ရှိ အချိန်တွင် မြန်မာဘာသာသို့ပြန်ဆိုထားသည့် သင်ကြားမှုဗွီဒီယိုဖိုင်အရေအတွက်မှာ ခန်းမြန်မာအကယ်ဒမီ၏ ဝက်ဘ်ဆိုက်တွင် ၅၁၉ ခုရှိလာပြီဖြစ်သည်။

ယခုနှစ်သြဂုတ်လအထိ ခန်းမြန်မာအကယ်ဒမီ၏ အင်တာနက် စာမျက်နှာပေါ်တွင် အခမဲ့သင်ကြားနိုင်မည့် မြန်မာဘာသာပြန်ဆိုထားသည့် ပညာသင်ကြားရေး ဗွီဒီယိုဖိုင်အရေအတွက်သည်  ၃၃၆ ခုအထိရှိပြီး ဖြစ် သည်။

အဆိုပါဘာသာပြန်ပြိုင်ပွဲသည် ခန်းမြန်မာအကယ်ဒမီ၏ အင်တာနက်စာမျက်နှာပေါ်တွင် မြန်မာဘာသာဖြင့်ပညာသင်ကြားလိုသူများအတွက် အခမဲ့ဘာသာပြန်ဆိုပေးနိုင်မည့် စေတနာ့ ဝန်ထမ်းများကို ဖိတ်ခေါ်ပြီး ပြုလုပ်ခဲ့သည့် အစီအစဉ်တစ်ခုဖြစ်သည်။

ခန်းမြန်မာအကယ်ဒမီအဖွဲ့အစည်း၏ တရားဝင်ဝက်ဘ်ဆိုက် ပေါ်တွင် ယခင်ကမြန်မာဘာသာ ပြန်ဆိုထားသည့် ပညာသင်ကြား ရေးဗွီဒီယိုဖိုင်ပေါင်း ၁၇၉ ခုသာရှိခဲ့ပြီး ပြီးခဲ့သည့်လက Translate A-Thon ဘာသာပြန်ပြိုင်ပွဲတွင်  ပါဝင်ခဲ့သည့် စေတနာ့ဝန်ထမ်း ၁၁၂ ဦး၏ ဘာသာပြန်ဆိုပေးမှုကြောင့် အရေအတွက် တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ဝန်ဆောင်မှုများကိုသာ သုံးစွဲခဲ့ရသည့်အချိန်ကာလတွင် ယခုကဲ့ သို့အွန်လိုင်းပေါ်မှ ပညာသင်ကြားနိုင်မည့်အခွင့်အရေးများမရှိခဲ့ပဲ နိုင်ငံခြားကုမ္ပဏီများနှင့် MPT တို့ အပြိုင်အဆိုင် ထွက်ပေါ်လာပြီး လအနည်းငယ်အတွင်း၌ ဒစ်ဂျစ်တယ် ပညာရေးစနစ်ကိုပိုမိုအသုံးချလာနိုင်ကြကြောင်း ရန်ကုန်အခြေစိုက် ကျောင်းသားအချို့ကဆိုကြသည်။

Credit to Internet Journal

0 comments:

Post a Comment