Powered by Blog - Widget

Wednesday, March 12, 2014

ဖေ့စ်ဘွတ်အကောင့် အတုများ၏ အချက်အလက်များအစိုးရက တောင်းခံ။



Aung Ko Htet (MM IT Knowledge)

မြန်မာဘာသာဖြင့် သုံးစွဲနေသော ဖေ့စ်ဘွတ် အပါအ၀င် လူမှုရေး ကွန်ရက်မှ အကောင့် အတုများနှင့် ပတ်သက်သည့် အချက်အလက်များ
ကို အစိုးရက ဖေ့စ်ဘွတ် ထူထောင်ထားသည့် ကုမ္ပဏီသို့ တောင်းခံ သွားမည်ဟု သိရသည်။

ထိုကဲ့သို့ တောင်းခံခြင်းမျိုးကိုလည်း အခြား အစိုးရများက တောင်းခံလေ့ ရှိပြီး ဖေ့စ်ဘွတ်က တောင်းခံသည့် အချက်အလက် အားလုံး မဟုတ်
သည့် နိုင်ငံ အစိုးရများက ဖေ့စ်ဘွတ် သုံးစွဲနေသည့် အကောင့်များနှင့်ပတ်သက်ပြီး သိလိုသည့် အကောင့်များ၏ အချက်အလက်များကို
တောင်းခံ ခဲ့ဖူးသည်။

ယခုအခါ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ နီးကပ်လာသည် နှင့်အမျှ
ဖေ့စ်ဘွတ်ပေါ်မှ နိုင်ငံရေး၊ ဘာသာရေး လှုံ့ဆော်မှုများ၊ ပုဂ်္ဂိုလ်ရေး
လုပ်ကြံ တိုက်ခိုက်ထားသည့် သတင်းမှားများ၊ ကောလာဟလ များကို ရည်ရွယ်ချက် ရှိရှိဖြင့် အကောင့် အတုများ သုံးပြီး အချို့သူများက ထုတ်လွှင့် နေလျက် ရှိသည်။ ထိုသို့သော မဟုတ်မမှန် သတင်းများ လုပ်ကြံ ထုတ်လွှင့် နေသူများသည် အသစ် ပြဋ္ဌာန်းလိုက်သော အီလက်ထရောနစ် ဥပဒေ အရ တရားစွဲဆို ခံရပါက ထောင်ဒဏ် ၇ နှစ်ဖြစ်စေ၊ ဒဏ်ငွေကျပ် သိန်း ၅၀ဖြစ်စေ ကျခံရမည် ဖြစ်သည်။

ဖေ့စ်ဘွတ် သုံးစွဲနေသူ တစ်ဦးက “အစိုးရက အကောင့် အတုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ တောင်းတယ်လို့ သတင်း ထွက်လာတဲ့ နောက်ပိုင်း ဖေ့စ်ဘွတ်ပေါ်မှာ ဆဲတာ ဆိုတာ၊
ပုဂ်္ဂိုလ်ရေး တိုက်ခိုက်တာတွေ သိသိသာသာ လျော့သွားတယ်”ဟု သူ၏ တွေ့ရှိချက်ကို Tomorrowသို့ ပြောပြခဲ့သည်။

( ယနေ.ထုတ် Tomorrow သတင်းဂျာနယ်မှကောက်နှုတ်ချက် )

Related Posts:

0 comments:

Post a Comment