Powered by Blog - Widget

Saturday, April 12, 2014

Touch အသုံးပြုနိုင်သည့် ရေစိုခံအိတ်များကိုသာ ပိုမိုဝယ်ယူလျက်ရှိ



Aung Ko Htet (MM IT Knowledge)



နေပြည်တော် မိုဘိုင်းဈေးကွက်အတွင်းသို့ သင်္ကြန်တွင်းသုံးဟန်းဆက် ရေစိုခံအိတ်များ ဝင်ရောက်လာသော်လည်း အသုံးပြုသူအများစုမှာ ယခင်နှစ်များက ထွက်ရှိခဲ့သော Touch အသုံးပြုနိုင်သည့် ရေစိုခံအိတ်များကိုသာ ပိုမိုဝယ်ယူနေကြကြောင်း ဈေးကွက်အတွင်းမှ သိရသည်။



ယခုနှစ် ထွက်ရှိလာသော ပုံစံသစ်အများစုမှာ အရုပ်ပုံများပါရှိပြီး အရောင်အသွေးစုံလင်သလို ပုံစံလှပကြသော်လည်း အများစုမှာ အိတ်ပြင်ပမှ ဟန်းဆက်အား အလွယ်တကူ Touch ထိတွေ့ အသုံးပြုနိုင်သည့် အနေအထားတွင် မရှိ၍ အများစုမှာ ယခင်နှစ်များက ထွက်ရှိထားသော ဒီဇိုင်းများကိုသာ ပိုမို ရွေးချယ်ဝယ်ယူကြခြင်းဖြစ်ကြောင်း သိရသည်။



“အရင်နှစ်က ထွက်ထားတာတွေက ဘေးမှာလေအိတ်ခံထားတဲ့ ဒီဇိုင်းတွေရှိသလို လေအိတ်မပါတာတွေလည်း ရှိတယ်။ အများစုကတော့ လေအိတ်ပါတာ ပိုကြိုက်ကြတယ်ဗျ။ လူငယ်အများစုကလည်း ဟန်းဆက်ကို မထုတ်ဘဲ အိတ်အပြင်ကနေ ထိတွေ့သုံးချင်ကြတော့ ပိုရောင်းရတာပါ” ဟု ဟန်းဆက်အရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သင်္ကြန်တွင်း ဟန်းဆက်သုံးစွဲသူအများစုသည် ရေစိုခံသော တန်ဖိုးမြင့် ဟန်းဆက်များ ဝယ်ယူအသုံးပြုခြင်းထက် မိမိဟန်းဆက်များကို ရေစိုခံအိတ်အတွင်း ထည့်သွင်းအသုံးပြုခြင်းများသော်လည်း သုံးစွဲသူများအမှားကြောင့် ရေစိုခံအိတ်အသုံးပြုနေသည့် ကြားထဲမှ ရေငွေ့ရိုက်ခြင်း၊ ရေဝင်ပျက်စီးခြင်းများရှိနေကြောင်း ဟန်းဆက်ဆားဗစ်သမားတစ်ယောက်က ပြောသည်။



ref: ကျော်ဇေယျ၊ နေပြည်တော်
 

Related Posts:

0 comments:

Post a Comment