Powered by Blog - Widget

Monday, May 12, 2014

Macbook ကိုလက်ထက်ဖို့ တောင်းဆိုတဲ့ မော်ဒယ်



Aung Ko Htet (MM IT Knowledge)
 
အမေရိကန် ပြည်ထောင်စု၊ ဖလောရီဒါ ပြည်နယ်နေ Chris Sevier လို့ အမည်ရတဲ့ အမျိုးသား အနုပညာသည် မော်ဒယ် တစ်ဦးဟာ သူရဲ့ Macbook ကို လက်ထက်ဖို့ တောင်းဆိုခဲ့ကြောင်း သိရ ပါတယ်။ ပုံမှာ မြင်တွေ့ နေရတဲ့ ရုပ်ရည် သန့်ပြန့်သူ မော်ဒယ် တစ်ဦး ဖြစ်ပါတယ်။

ယင်းသို့ လက်ထက်ခွင့် ရရှိဖို့ အတွက် သူဟာ တရားရုံးကို တောင်းဆို ခွင့်လွှာ တင်ခဲ့ပြီး ယင်း အမှုကို တရားရုံးမှ ပယ်ချ ခဲ့ ပါတယ်။ Chris ရဲ့ Macbook မှာ ၁၈ နှစ်အောက် မကြည့်ရ ရုပ်ရှင် ဗီဒီယို (Porn Movie) များစွာ ရှိနေပါတယ်။ ယင်း ဗီဒီယိုများ ကို အမြဲလို ကြည့်ရှုရင်း သူဟာ သူ့ရဲ့ Macbook ကို အလွန်ချစ်ခင် တွယ်တာ သွားပြီး ယခုလို လက်ထက်ဖို့ အတွက် အဆိုတင်သွင်း ခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းအတွက် တားမြစ်မှု ပြောဆိုမှု များစွာ ရှိခဲ့ ပြီး ဂေး များကို လက်ထက်ခွင့်ပေးနေချိန် သက်မဲ့ ပစ္စည်းနဲ့ လူမဟုတ် တိရစ္ဆာန် များ နဲ့ လက်ထက် ခွင့်ကိုပါ ခွင့်ပြုပေးသင့်ကြောင်းတောင် ပြန်ပြော ပါသေးတယ်။ လက်ထက်တယ် ဆိုတာဟာ သက်ရှိ မှ၊ သက်မဲ့ မှ ရယ်လို့ ခွဲမထားပဲ မိမိ ချစ်ခင် တွယ်တာ သူ ဘယ် သက်ရှိ၊ သက်မဲ့ ကို မဆို လက်ထက်ခွင့် ပေးသင့်ကြောင်းတောင် ဆိုလိုက် ပါသေးတယ်။

သူ့လိုပဲ iPhone 5S နဲ့ ကွာရှင်း လမ်းခွဲလို့ Android စမတ်ဖုန်းဖုန်း တစ်လုံးနဲ့ ပေါင်းဖို့ ကြိုးစားတဲ့ သူ တစ်ယောက်လည်း အမေရိကန်မှာ ရှိပါ သေးတယ်။ Chris ရဲ့ တောင်းဆိုမှုဟာ အင်တာနက်မှာရော၊ အမေရိကန် တစ်လွှားမှာပါ ပြန့်နှံ့တဲ့ သတင်း တစ်ပုဒ် ဖြစ်သွားရပြီး သူ့လိုပဲ အိုင်တီ ပစ္စည်း များဖြင့်၊ သက်မဲ့ ပစ္စည်း များဖြင့် လက်ထက်ဖို့ ကြိုးစားသူ တိုးပွားလာမှာကို စိုးရိမ်လျက် ရှိကြကြောင်း သိရ ပါတယ်။
.
Ref: mashable
အောင်ခမ်း (ရိုးရာလေး) 

Related Posts:

0 comments:

Post a Comment