Powered by Blog - Widget

Friday, June 13, 2014

ဆိုရှယ်မီဒီယာပေါ်မှာ အရောင်းအဝယ် လုပ်သင့်သလား



Aung Ko Htet (MM IT Knowledge)


ဆိုရှယ်မီဒီယာလို့ ဆိုပေမယ့် အများစု သိကြမှာက ဖေ့စ်ဘွတ်ပဲ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ် ဆိုတဲ့ အရာကို အသုံးပြုနေတဲ့ မြန်မာလူမျိုးဟာ သန်းဂဏန်းအထိ ရှိလာနေပြီ ဖြစ်ပါတယ်။ တစ်ချိန်တုန်းက ဘာရယ်မဟုတ် အပျော်တမ်း သုံးကြ ပေမယ့် ယခုနောက်ပိုင်းမှာ Commercially အသုံးပြုလာကြတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။

ဥပမာ - ဖေ့စ်ဘွတ် ကနေ အရောင်းအဝယ် ပြုလုပ်ခြင်း၊ ဖုန်းနဲ့ အိုင်တီ ဆိုင်ရာ ဆက်စပ် ပစ္စည်း များကို ရောင်းဝယ်ဖို့ အတွက် တွေ့ဆုံ ပြောဆိုခြင်းတို့ ဖြစ်ပါတယ်။ ဒီတော့ ဖေ့်စဘွတ်ဟာ အများစု အားကိုးလာတဲ့ Platform တစ်ခု ဖြစ်လာ ပါတယ်။ ဒါ့အပြင် ယုံကြည်မှုကလည်း တိုးလာ သလို၊ Facebook အပေါ် ကိုးကွယ်မှုလည်း တိုးလာ ပါတယ်။ ဒါကြောင့်မို့ ဖေ့စ်ဘွတ် ကနေ မြင်သမျှ၊ တွေ့သမျှဟာ အားလုံး အမှန်တွေ ဖြစ်ပါတယ်။ ဟုတ်ပါတယ်လို့ လက်ခံ လာသူများ ရှိလာပြီး ကောလဟာလ ဆိုတာ အလွယ်တကူ လွင့်လို့ ရတဲ့ နေရာ တစ်ခု ဖြစ်လာ ပါတယ်။ အကြောင်း ကတော့ ယုံကြည်သူ များလာလို့ ဖြစ်ပါတယ်။ ယင်းသို့ ဖြစ်လာမှု က ဖေ့စ်ဘွတ်ကို လူနေမှု ဘဝ မိတ်ဆွေ အပေါင်းအသင်း များ တွေ့ဆုံ နှီးနှောရန် မဟုတ်ပဲ စီးပွားရေး ဆန်ဆန် အသုံးပြုလာခြင်း တို့ကြောင့် ဖြစ်ပါတယ်။ ဖြစ်လာမယ့် Side effect အမျိုးမျိုးကို သိထားလို့ အသုံးပြုတယ် ဆိုတာ ကောင်းပေမယ့် ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံတွေမှာ ဒါဟာ အခက်အခဲ ဖြစ်လာ နိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို အိုင်တီ ဆိုင်ရာ၊ အင်တာနက် ဆိုင်ရာ တွေးခေါ် သိမြင်မှု နည်းနေသေးတဲ့ နိုင်ငံမှာဆိုရင် ပိုလို့တောင် အန္တရာယ် ရှိလာ ပါတယ်။

ယင်း အကြောင်း အရာကို www.motors.com.mm ရဲ့ MPNA ပွဲ တစ်ခုမှာ ကိုအောင်ခမ်းက မျှဝေ သွားခြင်း ဖြစ်ပါတ်။ ဒါကြောင့်မို့ မီဒီယာများ အနေနဲ့လည်း ယင်းနဲ့ ပက်သက်လို့ အသိပညာ ပေးခြင်း၊ ဗဟုသုတ ပေးခြင်းတို့ကို ပြုလုပ်နေကြောင်း www.yoyarlay.com မှာ အယ်ဒီတာ မှလည်း မျှဝေသွားခဲ့ ပါတယ်။ ဒါကြောင့်မို့ အိုင်တီနဲ့ ဆိုရှယ်မီဒီယာ ဆိုင်ရာ အခြေခံတဲ့ ဗဟုသုတ များကို ကိုယ်တိုင် လေ့လာ ထားရန် လိုအပ် ပါသေးတယ်။ 


Aung Ko Htet (Myanmar IT Knowledge)

0 comments:

Post a Comment