Powered by Blog - Widget

Tuesday, June 10, 2014

၂၀၁၄ ကမ္ဘာ့ဖလား တွင် Goal-Line နည်းပညာ ကို အသုံးပြုမည်



Aung Ko Htet (MM IT Knowledge)
 
ဖီဖာ က ၂၀၁၄ ကမ္ဘာ့ဖလား တွင် Goal-Line နည်းပညာ ကို ပထမဆုံး အသုံးပြုမည် ဟုသိရပါသည်။ အဆိုပါ နည်းပညာ သည် ဘောလုံး က ဂိုးစည်း ကို ကျော်သွားလျှင် အလိုအလျှောက် သိရှိနိုင်ပါသည်။ ဂျာမန် ကုမ္ပဏီ GoalControl ၏ နည်းပညာ သည် အခြား ကုမ္ပဏီများ ထက် ပိုမိုကောင်းမွန် လျှင်မြန်ပြီး တိကျသည် ဟု သိရပါသည်။

ဖီဖာ က GoalControl ၏ နည်းပညာ ကို ၂၀၁၃ FiFA Confederations Cup Brazil တွင် စမ်းသပ်သုံးစွဲခဲ့ပြီး ဂိုးများ ကို တိကျစွာ ဆုံးဖြတ်နိုင်ခဲ့သည် ဟု ပြောပါသည်။ ဖီဖာ က ဂိုးစည်း နည်းပညာ ကုမ္ပဏီ လေးခု မှ GoalControl ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ GoalControl ၏ စနစ် တွင် 4D နည်းပညာ နှင့် ကင်မရာ ၁၄ လုံး ကို အသုံးပြုမည် ဖြစ်ပြီး ကင်မရာ ခုနစ်လုံး က ဂိုးများ ကို တိကျစွာ စောင့်ကြည့် ဆုံးဖြတ်ပေးမည် ဖြစ်သည်။

GoalControl ၏ နည်းပညာ သည် ဘောလုံး ဂိုးစည်းထဲ ၀င် ၊မ၀င် ကို တိကျစွာ တိုင်းတာပေးနိုင်သည် ဟု GoalControl မှ တာဝန်ရှိသူ Rolf Dittrich က ပြောပါသည်။ ဘောလုံး ဂိုးစည်းထဲသို့ ၀င်သွားလျှင် ဒိုင်လူကြီး ၏ လက်ပတ်နာရီ မှ အချက်ပြမှု ရရှိမည် ဖြစ်ပြီး ဂိုးမ၀င်လျှင် အချက်ပေးမှု မရရှိဘဲ ပွဲကို ဆက်လက် ကစားရမည် ဖြစ်သည်။

ကင်မရာများ က ဘောလုံး ကို ရိုက်ကူးထားသည်များ ကို စွမ်းဆောင်ရည်မြင့် ကွန်ပြူတာ သို့ ပေးပို့မည် ဖြစ်ပြီး ဘောလုံး ၏ လှုပ်ရှားမှု ကို ပုံဖော်မည် ဖြစ်သည်။ သို့သော် ကစားသမားများ ၊ ဒိုင်လူကြီးများ နှင့် အခြား အရာဝတ္ထုများ သည် ပုံဖော်မှုတွင် ချန်လှပ်ထားမည် ဖြစ်သည်။

ဒိုင်လူကြီးများ ၏ နာရီ တွင် ထည့်သွင်းထားသည့် Circuit နည်းပညာ ကို ဂျာမန် တက္ကသိုလ် Fraunhofer မှ တီထွင်ထားခြင်း ဖြစ်ပါသည်။ ယခုအချိန်တွင် ဂိုးဝင်လျှင် Goal ဆိုသည့် စာသား ကိုသာ ဖော်ပြနိုင်သော်လည်း အနာဂတ်တွင် အချိန် နှင့် Timer များကို ထည့်သွင်းမည် ဖြစ်သည်။

၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးကွင်းများ သည် အင်တာနက် ချိတ်ဆက်နိုင်သည့် Connected Stadiums များ ဖြစ်လာပြီဖြစ်သည်။

GoalControl ရဲ့ အလုပ်လုပ်ပုံ ကို အောက်က ဗီဒီယို မှာ လေ့လာနိုင်ပါတယ်။

https://www.youtube.com/results?search_query=goalcontrol

ref: သူရ

0 comments:

Post a Comment