Powered by Blog - Widget

Tuesday, June 10, 2014

ကမ္ဘာ့ အကြီးဆုံး ၀င်းဒိုးဖုန်းဖြစ်လာသည့် Wistron Tiger



Aung Ko Htet (MM IT Knowledge)
 
ထိုင်ဝမ် အခြေစိုက် Wistron Corporation က Computex 2014 နည်းပညာပြပွဲ တွင် Wistron Tiger ဟု အမည် ရသည့် အရွယ်အစားကြီးမားသော ၀င်းဒိုးဖုန်းကို ပြသလိုက်ပါသည်။ ထွက်ရှိပြီး သမျှဝင်းဒိုးဖုန်းများတွင် အရွယ်အကြီးဆုံး ဖြစ်ပြီး ၆.၄၅ လက်မ Full HD Screen တပ်ဆင်ထားသည့် Phablet ဖုန်းဖြစ်ပါသည်။ မျက်နှာပြင် ၏ Resolution မှာ 1080x1920 ဖြစ်ပါသည်။ Quad-Core Snapdragon 800 Processor တပ်ဆင်ထားပြီး အလူမီနီယမ် ကိုယ်ထည် ဖြင့် ဖုံးအုပ်ထားပါသည်။

Wistron Tiger သည် နမူနာ ပုံစံသာဖြစ်ပြီး Navigation Button နှင့် Camera Button တို့ မပါရှိပါ။ အခြား ထုတ်လုပ်သူက နမူနာပုံစံကို ဆက်လက်တည်ဆောက်ပြီး ရောင်းတန်းဝင် အဆင့် ရောက်စေရန် ပြုလုပ်ရမည် ဖြစ်သည်။

Taipei International Information Technology Show ဟုလည်း ခေါ်သည့် Computex သည် ထိုင်ဝမ် တွင် နှစ်စဉ် ကျင်းပလေ့ရှိသည့် ကွန်ပြူတာ နှင့် အီလက်ထရောနစ် ပြပွဲ ဖြစ်ပါသည်။ ယခုနှစ်တွင် ဇွန်လ (၃) ရက်နေ့မှ စတင်ခဲ့ပြီး (၇) ရက်နေ့တွင် ပြပွဲ ပြီးဆုံးမည် ဖြစ်သည်။

ref: သူရ

0 comments:

Post a Comment