Powered by Blog - Widget

Tuesday, June 10, 2014

Microsoft က Kinect မပါသည့် Xbox One ကို ရောင်းပြီ



Aung Ko Htet (MM IT Knowledge)

Microsoft က မကြာမီက ကတိပေးခဲ့သည့်အတိုင်း Kinect မပါသည့် Xbox One ကို ရောင်းချပေး လိုက်ပြီဖြစ် သည်။ Kinect သည် လှုပ်ရှားကစားရသည့်ဂိမ်းများကစားရန် နှင့် Xbox One ကို လှုပ်ရှားမှု ၊ အသံများဖြင့် ခိုင်းစေနိုင်သည့် Sensor ဖြစ်ပါသည်။ Kinect မပါသည့် Xbox One ကို ဒေါ်လာ လေးရာ ဖြင့် စတင်ဝယ်ယူနိုင်ပြီဖြစ်သည်။ Kinect ပါသည့် Xbox One ကို ဒေါ်လာ ငါးရာ ဖြင့် ဆက်လက်ရောင်း ချမည် ဖြစ်သည်။

Sony ၏ PlayStation 4 ဂိမ်းစက်များသည် Xbox One ထက်ရောင်းအားကောင်းနေသောကြောင့် Microsoft က ရောင်းအားမြှင့်တင်ရန် Kinect မပါသည့် Xbox One ကို ရောင်းချပေးခြင်း ဖြစ်သည် ဟု ကျွမ်းကျင်သူများ က သုံးသပ်ပါသည်။ ဧပြီလတွင် Sony က ဂိမ်းစက် အလုံးရေ ခုနစ်သန်းရောင်း ချပြီးကြောင်း ကြေညာခဲ့ပြီး Microsoft က ဂိမ်းစက် အလုံးရေ ငါးသန်းရောင်း ချပြီးကြောင်း ကြေညာ ခဲ့ပါသည်။ Xbox One ကို စတင်ရောင်းချစဉ်က ဈေးနှုန်းမှာ ဒေါ်လာ ငါးရာ ဖြစ်ပြီး PS4 ၏ ဈေးနှုန်း မှာ ဒေါ်လာ (၃၉၉) ဖြစ်သည့်အတွက် PS4 ကို ပိုမိုဝယ်ယူကြခြင်းလည်း ဖြစ်နိုင်ပါသည်။

Microsoft က Kinect Sensor ကို ငွေကြေးမြောက်မြားစွာ ဖြင့် တီထွင်နေသော်လည်း Xbox One ကို Kinect နှင့် တွဲဖက်ရောင်းချသည့် အစီအစဉ်မှာ အောင်မြင်ခြင်းမရှိခဲ့ဟု ကျွမ်းကျင်သူများ က သုံးသပ်ပါသည်။ Sony က Kinect နှင့် စွမ်းဆောင်ရည် တူညီသည့် PlayStation Camera ကို (၅၉) ဒေါ်လာဖြင့် သီးခြားရောင်းချခြင်း ဖြစ်ပါသည်။ စားသုံးသူများ က ဈေးနှုန်းကိုသာ အဓိက ကြည့်ရှုပြီး ၀ယ်ယူသည့်အတွက် Xbox One ၏ ရောင်းအားမှာ PS4 ကို မယှဉ်နိုင်ခြင်း ဖြစ်သည် ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

ယခုမူ Sensor များကို ဖယ်ရှားရောင်းချကြသည့်အတွက် အနာဂတ်တွင် Sensor များ၏ အခန်းကဏ္ဍမှာ မည်သို့ ဖြစ်လာမည် ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းပါသည်။ ဂိမ်းတီထွင်သူများကလည်း Sensor များ၏ စွမ်းဆောင်ချက်များကို ဂိမ်းတွင်ထည့်သွင်းရေးဆွဲရန် စဉ်းစားရခက်မည် ဖြစ်သည်။

ref: သူရ

0 comments:

Post a Comment