Powered by Blog - Widget

Saturday, June 7, 2014

Samsung ရဲ့ Products အသစ် ဖြစ်တဲ့ Samsung Galaxy Tab S



Aung Ko Htet (MM IT Knowledge)

Samsung က product တစ်ခုထွက်ပြီးလို့မှ မကြာသေးဘူး နောက်ထပ် product ဘယ်အချိန်ထွက် လာမလဲဆိုတာကို Samsung ပရိတ်သက်တွေက အမြဲတမ်း မျှော်နေ တတ်နေပြီပဲဖြစ်ပါတယ်။ အခုတော့ စောင့်ရကြိုးနပ်အောင်လို့ Samsung ကတော့ Galaxy Tab S ကို ထုတ်လုပ်တော့ မှာပဲဖြစ် ပါတယ်။ ဒီ Tablet ကို Samsung အနေနဲ့ June 12 th ရက်နေ့မှ ထုတ်လုပ် ရောင်းချ မှာ ဖြစ်တယ်လို့ တရားဝင်ကြေညာ ထားတာပဲ ဖြစ်ပါတယ်။

ဒီ Tablet ရဲ့ အလေးချိန်ကတော့ 465 grams ရှိပြီး အတိုင်းအတာကတော့ 6.6 mm ရှိတယ်လို့ ဆိုပါတယ်။ Samsung Tab S ရဲ့ feature ဟာ ရုတ်တရက် ကြည့်လိုက်ရင် S5 နဲ့ တောင် ဆင်တူတယ် လို့  ထင်ရပါတယ်။ Tab S ရဲ့ အရောင်ကတော့ ကြေးနီ ရွှေအိုရောင်ဖြစ်ပါတယ်။


Samsung Galaxy Tab S ရဲ့ screen resolution က 2560 × 1600 ရှိပြီး Processor အနေနဲ့ Octa-core  Exynos 5240 ကိုအသုံးပြုထားပါတယ်။ Memory RAM ကတော့ 3 GB နဲ့ micro SD card 32 GB အထိ ထပ်တိုး အသုံးပြုနိုင်တဲ့ card slot ပါဝင်ပါတယ်။ Camera အနေနဲ့ back camera ကတော့ 8 MP အသုံးပြုထားပြီး front camera 2.1 MP နှင့် selfie unit ကိုလည်း ထည့်သွင်းပေးထားပါတယ်။
Android version 4.2.2 Kitkat ကို အသုံးပြုထားတဲ့ Galaxy Tab S ကို June လကုန်မှာ ၀ယ်ယူနိုင်တော့မှာပဲဖြစ်ပါတယ်။ ဒီ Samsung Galaxy Tab S ကတော့ sim card ထည့်ပြီး အသုံးပြုနိုင်မှာ မဟုတ်ပေမဲ့ wifi နဲ့ တော့ အင်တာနက် အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

ref: arena

Aung Ko Htet (Myanmar IT Knowledge)




0 comments:

Post a Comment