Powered by Blog - Widget

Saturday, June 7, 2014

စာမေးပွဲကျတယ် ဆိုတာဘာလဲ ?



Aung Ko Htet (MM IT Knowledge)

ဒီစကားဟာ ကျွန်တော်တို့ ငယ်ငယ်ကတည်း က ကြားဖူးခဲ့ကြတဲ့ စကားပါ။ ငယ်ငယ်တုန်းက စာမေးပွဲ ဖြေပြီး အောင်စာရင်းတွေထွက်တဲ့ အခါ အောင်လား ကျလား ဆိုပြီး မေးကြတယ်။ တကယ်တော့ အောင်တဲ့ သူတွေအနေနဲ့ နောက်တစ်တန်းကို တက်ရောက်သင်ကြားရတယ်ဆိုပေမဲ့ ကျတဲ့သူတွေအနေနဲ့ အောက်တစ်ဆင့်ကို ပြန်ပြီး ကျဆင်းသွားတာ မဟုတ်ပါဘူး။ (ဥပမာ ကိုယ်က ကိုးတန်းဆိုပါစို့ ကိုးတန်းစာမေးပွဲ ကျတဲ့အခါ ရှစ်တန်းကို ပြန်ဆင်းသွားရတာ မဟုတ်ပါဘူး။ ကိုးတန်းမှာ ပဲ နေခဲ့တာပါ။ ဒါဆို အရင်းပဲပေါ့)။

ဟုတ်ပါတယ်။ ကျွန်တော်တို့ ဘ၀မှာ ကျဆုံးမှုဆိုတာ လုံးဝမရှိပါဘူး။ ကိုယ်ဒီနေရာ တစ်ခုကို ရောက်လာခဲ့ဖို့ အများကြီး ကြိုးစားခဲ့ကြတယ်။ အဲ့ဒီ ကြိုးစားမှုနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ မအောင်မြင်သေးတာကို ကျရှုံးတယ်လို့ပြောလို့မရပါဘူး။ မဖြစ်သေးတာပဲ ရှိပါတယ်။ ဒီမဖြစ်သေးတဲ့အချိန်ကာလလေးအတွင်းမှာ ကိုယ်ရဲ့ အတွေ့အကြုံတွေက မဆုံးရှုံးသွားပါဘူး။
သောမတ်စ် အက်ဒီစင် ကပြောတယ်။ မီးသီးထဲမှာ ထည့်ဖို့ မီးစာကို သူရှာခဲ့တာ အကြိမ်တစ်သောင်းထက် မနည်းပါဘူး။ အဲ့ဒါကို သူပြောခဲ့တယ်။ သူအသုံးမကျလို့ မဟုတ်ပါဘူး။ အလုပ်မဖြစ်တဲ့မီးစာပေါင်း တစ်သောင်းကျော်ကို သူရှာဖွေတွေ့ရှိခဲ့တာပါလို့ ဆိုပါတယ်။

ဒီအတွက်ကြောင့် မိတ်ဆွေ သင်ဘယ်တော့မှ မကျရှုံးဘူးဆိုတာကို အမြဲတမ်း သတိရနေပါ။ သင့်ရဲ့ ကြိုးစားမှုတွေဟာ မဖြစ်သေးတာပဲရှိပါတယ်။ အဲ့ဒီမဖြစ်သေးတဲ့ ကြိုးစားမှုကို လက်လွှတ်အလျှော့မပေးပဲ ဆက်ပြီးကြိုးစားသွားပါက သင့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို မလွဲမသွေ စုပ်ကိုင်နိုင်မှာပဲဖြစ်ပါတယ်။

Aung Ko Htet (Myanmar IT Knowledge)

0 comments:

Post a Comment