Powered by Blog - Widget

Thursday, February 27, 2014

HTC က Google Now Smartwatch ကို ထုတ်လုပ်မည်



Post By Aung Ko Htet (MM IT Knowledge)

HTC နောက်တစ်ပတ် ထဲမှာ ပြုလုပ်မယ့် Mobile World Congress မှာ ချပ်ဝတ်တန်ဆာ ကွန်ပြူတာ သုံးခု ကို ထုတ်ဖော်ပြသမယ်လို့ သတင်းအရင်းအမြစ် တစ်ခု က Bloomberg ကို ပြောကြားကြောင်း သိရပါတယ်။ ထိုင်ဝမ် အခြေစိုက် HTC က စမတ်နာရီ နမူနာ ပုံစံ ကို Mobile World Congress မှာ Carrier တွေကို ပြသမှာ ဖြစ်ပါတယ်။ HTC က အဲဒီ စမတ်နာရီ ကို အများပြည်သူ ကို ပြသမှာ မဟုတ်ဘူးလို့ သိရပါတယ်။ HTC ရဲ့ စမတ်နာရီ ဟာ Qualcomm ရဲ့ Toq စမတ်နာရီ ကို အခြေခံ ပြုလုပ်ထားတာ ဖြစ်ပြီး Qualcomm ရဲ့ Mirasol Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ HTC ရဲ့ စမတ်နာရီ မှာ Bluetooth အသုံးပြုနိုင်ပြီး Music Player ပါရှိမှာ ဖြစ်ပါတယ်။

HTC က အခြား ချပ်ဝတ်တန်ဆာ ကွန်ပြူတာ နှစ်ခုကို လည်း ပြုလုပ်နေတယ်လို့ Bloomberg ရဲ့ သတင်းအရင်းအမြစ် က ပြောပါတယ်။ သီချင်းဖွင့်ပေးနိုင်တဲ့ လက်ကောက် နဲ့ Google Now အသုံးပြုနိုင်တဲ့ စမတ်နာရီ ဖြစ်ပါတယ်။ အခုလောလောဆယ် မှာ Google Now အသုံးပြုနိုင်တဲ့ စမတ်နာရီ ကို မည်သည့် Company ကမှ ထုတ်လုပ်ထားခြင်း မရှိသေးပါဘူး။ Wall Street Journal ရဲ့ သတင်းအရင်းအမြစ် တစ်ခုက Google Now စမတ်နာရီ ဟာ လပိုင်းအတွင်းမှာ ပေါ်ထွက်တော့မှာ ဖြစ်တယ်လို့ ပြောပေမယ့် HTC က ထုတ်လုပ်မှာ ဖြစ်တယ်လို့ ပြောကြား ခြင်းမရှိပါဘူး။ Google က Google Now အသုံးပြုနိုင်တဲ့ စမတ်နာရီ ကို ထုတ်လုပ်သင့်တယ်လို့ အကြံပေးထားပါသေးတယ်။ Google Now က စမတ်ဖုန်း မှာ ပါတဲ့ ကိုယ်ရေးလက်ထောက်ဖြစ်ပြီး အလုပ်များစွာ ခိုင်းစေလို့ရပါတယ်။ Google Now အသုံးပြုနည်း ကိုအောက်က လင့် မှာ လေ့လာပါ။

https://www.facebook.com/MyanmarDigitalLife/posts/288411877975179?stream_ref=10

HTC က ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာ အရှုံးပေါ်နေပြီး ဈေးကွက်ဝေစု လည်း ကျဆင်းခဲ့ပါတယ်။ ချပ်ဝတ်တန်ဆာ ကွန်ပြူတာ တွေ ထုတ်လုပ်ပြီး အရှုံးပေါ်နေတာ ကို ဖာထေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ HTC ရဲ့ CEO ဖြစ်သူ Peter Chou က ချပ်ဝတ်တန်ဆာ ကွန်ပြူတာ တွေ ဟာ Company အတွက် အရေးပါတယ်လို့ ပြီးခဲ့တဲ့ နှစ် က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် HTC က ထုတ်လုပ်မယ့် စမတ်နာရီ ဟာ အချို့စမတ်နာရီ တွေလို ဒီဇိုင်း ပိုင်းမှာ ကြည့်ရှုလို့ မကောင်း တာမျိုး မဖြစ်ဖို့ လိုပါတယ်။ HTC ရဲ့ အရာရှိ တစ်ယောက် ဖြစ်သူ Cher Wang က ၂၀၁၄ ခုနှစ် အကုန် မှာ ချပ်ဝတ်တန်ဆာ ကွန်ပြူတာ တစ်ခု ရောင်းချမယ်လို့ ပြောခဲ့ဖူးပါတယ်။

 

0 comments:

Post a Comment