Powered by Blog - Widget

Thursday, February 27, 2014

41 megapixel ကင်မရာနှင့် ကမ္ဘာ့ပထမဆုံး ဖြစ်ခဲ့တဲ့ Nokia 808 Pure View


 

Post By Aung Ko Htet (MM IT Knowledge)

ကင်မရာ 41 megapixel ပါတယ်ဆိုတော့ ကမ္ဘာ့ပထမဆုံး ဖုန်းပဲ ဖြစ် ပါတယ်။ သာမန် ဒီဂျစ်တယ် ကင်မရာ တစ်လုံးတောင် 20 Megapixel မရှိပါဘူး။ LED Flash လည်း ပါရှိတဲ့ Pure View က ကမ္ဘာ့ အဆင့်မြင့် ကင်မရာ တစ်လုံးလိုပဲ ဖြစ်ပါတယ်။ ယနေ့မှာ Pure View 2 တောင် ထွက်နေပါပြီ။ လောလောဆယ်ကတော့ Pure View 808 ကိုပဲ ဖော်ပြ ပါ့မယ်။

ထွက်တ ကြာပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၂၊ ဇွန်လကတည်းက ထွက်ရှိထား တာ ဖြစ် ပါတယ်။ မြန်မာပြည်ကိုလည်း ရောက်နိုင်ပါတယ်။ ဈေးနှုန်းကတော့ လက်ရှိ ကာလ မူရင်းရောင်းဈေးက ကန်ဒေါ်လာ ၇၂၄ ဆိုတော့ မြန်မာကျပ် ၇ သိန်းဝန်းကျင်မက ပေါက်ဈေး ရှိနိုင် ပါတယ်။ ၂၀၁၂ ခုနှစ်က Mobile World Congress မှာ တစ်နှစ်တာ အကောင်းဆုံး မော်ဒယ်သစ် ဟန်းဆက် ဆုအပြင် Technical Image Press Association နဲ့ မဂ္ဂဇင်းများ ကပေးတဲ့ အခြားသော ဆုများကိုလည်း ရရှိခဲ့ပါသေးတယ်။ အဓိကကတော့ ကင်မရာ စားတဲ့ ဖုန်းမို့လို့ ဖြစ်ပါတယ်။

OS

Nokia Belle Feature Pack 1 (Nokia Belle Feature Pack 2 ကို Upgrade လုပ်နိုင်ပါတယ်။ နိုကီယာက သီးသန့်လုပ်တဲ့ Operating System ဖြစ်ပြီး သူ့စမတ်ဖုန်း တော်တော်များများမှာ အသုံးပြုပါတယ်။ တစ်ဖက်မှာ Microsoft ရဲ့  Windows Phone 8 OS ကို သုံးနေပေမယ့် ကိုယ်ပိုင် OS ကိုလည်း အဆင့်မြင့်တင်ဆဲ ဖြစ်ပါတယ်။

CPU & Memory

CPU က 1.3 GHz ARM11 ရှိပြီး Memory ကတော့ 512 MB RAM ပဲ ရှိပါတယ်။ သို့ပေမယ့် Storage ကို အထဲမှာ 16 GB ထည့်သွင်း ပေးထားပါတယ်။ ပြီးတော့ 64 GB အထိလည်း microSD နဲ့ ထပ်တိုး နိုင်ပါတယ်။

ဘက်ထရီ

3.8 V အားရှိတဲ့ Li-Ion BV-4D 1400 mAh ကို အသုံးပြု ပါတယ်။

အရွယ်အစား

အထူ ၀.၅၅ လက်မ၊ အကျယ် ၂.၃၇ လက်မ၊ အရှည် ၄.၈၈ လက်မ ကိုယ်စီ ရှိပါတယ်။

Display

ကင်မရာ အသားပေးဖုန်းဆိုတော့ Display ကလည်း အကောင်းဆုံး လုပ်ထားပါတယ်။ ၄ လက်မ အရွယ် AMOLED 2.5D curved nHD ကို သုံးပါတယ်။ ဖန်သားပြင်ကို သန့်ရှင်းရေးလုပ်လို့ လွယ်ကူအောင် Gorilla glass ဖုံးပေးထားတယ်လို့ ဆိုပါတယ်။

ကင်မရာ

နောက်ကျော ကင်မရာ 41 megapixel ကို ဒီဂျစ်တယ် တစ်လုံးလို အဆင့်မြင့်နိုင်ဖို့ ထောက်ပံ့ပေးထားတဲ့ feature တွေ အများအပြား ပါဝင်ပါတယ်။ ဥပမာ Carl Zeiss Optics, F-number: f/2.4, ND filter, Xenon Flash,LED video light စတာတွေ ပါဝင်ပါတယ်။ ဗီဒီယို ရိုက်ဖို့အတွက်လည်း Auto Focus ပါဝင်ပြီး 1080p 30 fps video တောင် ရပါတယ်။

နောက်ကျော ကင်မရာကတော့ 0.3 megapixel ပဲရှိတဲ့ Video calling ကင်မရာ ဖြစ်ပါတယ်။

Connectivity

Bluetooth 3.0, Wi-Fi ပါရှိ,DLNA, Micro HDMI,Micro USB, USB On-The-Go ,Secure NFC တို့အပြင် TV နဲချိတ်မယ့် ၃.၅ မီလီမီတာ အကျယ် Audio connector, FM ရေဒီယို၊ GPS အစရှိသဖြင့် အားလုံး ပါဝင် ပါတယ်။

ုပြီးခဲ့တဲ့ ဇွန်လကတည်းက ထွက်ရှိထားပေမယ့် Samsung, Apple တို့နဲ့စာရင် လူသိနည်းနေပါတယ်။ အလုံးရေ ထုတ်လုပ်မှုပဲ နည်းတာလားလို့ တောင် မေးခွန်းထုတ်ကြပါတယ်။ လက်ရှိချိန်ထိ ကတော့ ကမ္ဘာ့ ကင်မရာအကောင်းဆုံး ဖုန်း အဖြစ် အသတ်မှတ်ခံထားရ ကြောင်း သိရပါတယ်။
--
Ref: fonearena
အောင်ခမ်း (www.smart.com.mm)

0 comments:

Post a Comment