Powered by Blog - Widget

Thursday, February 27, 2014

MasterCard က Credit Card လုံခြုံရေးအတွက် Smartphone တည်နေရာ ကို အသုံးပြုမည်


Post By Aung Ko Htet (MM IT Knowledge) 


Credit Card တွေကို Hack လုပ်ပြီး အသုံးပြုမှုများပြားလာတဲ့အတွက် Credit Card Company များက လုံခြုံရေးအတွက် နည်းလမ်းများ ရှာဖွေလာကြပါတယ်။ MasterCard က မိုဘိုင်းနည်းပညာ Company ဖြစ်တဲ့ Syniverse နဲ့ ပူးပေါင်းပြီး Card ပိုင်ရှင်ရဲ့ မိုဘိုင်းဖုန်း တည်နေရာ ကို ခြေရာခံတဲ့ နည်းပညာ ကို အသုံးပြုမယ်လို့ ကြေညာပါတယ်။ Card ကို အသုံးပြုတဲ့ တည်နေရာ နဲ့ Card ပိုင်ရှင် ရဲ့ တည်နေရာ ကို တိုက်ဆိုင်စစ်ဆေးမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် Card ပိုင်ရှင် က Mexico မှာ ရောက်နေတဲ့အချိန်မှာ ကနေဒါ ကနေ Card ကို အသုံးပြုမယ်ဆိုရင် ပိတ်ပင်တားဆီးပေးမှာဖြစ်ပါတယ်။

များသောအားဖြင့် ဘဏ် ကို အသိပေးခြင်းမရှိဘဲ Credit Card တွေကို အခြားနိုင်ငံများ မှာ အသုံးပြုလို့မရပါဘူး။ MasterCard ရဲ့ နည်းပညာ က အဲဒီပြဿနာ ကို ပြေလည်စေမှာဖြစ်ပါတယ်။ ဘယ်နိုင်ငံကို သွားသွား စမတ်ဖုန်း ယူဆောင်သွားရင် Card ကို အသုံးပြုလို့ရမှာဖြစ်ပါတယ်။

အဓိက Credit Card Company တွေက စမတ်ဖုန်းများ ကနေ ငွေပေးချေနိုင်မယ့် နည်းလမ်း တွေကို တီထွင်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ မှာ MasterCard, Visa, American Express တို့က Digital Token ကို အသုံးပြုပြီး ၀က်ဆိုက် နဲ့ မိုဘိုင်းဖုန်း ကနေ လုံခြုံစွာငွေပေးချေနိုင်မယ့် Digital Payment နည်းပညာ ကို တီထွင်ဖို့ ကြေညာခဲ့ပါတယ်။ MasterCard က MasterPass System ကိုလည်း ပြုလုပ်နေပါတယ်။

MasterCard နဲ့ Syniverse တို့ရဲ့ စမတ်ဖုန်း တည်နေရာ အခြေပြု လုံခြုံရေး စနစ် ဟာ တီထွင်နေဆဲဖြစ်ပြီး ဘယ်အချိန်မှာ အသုံးပြုနိုင်မလဲ ဆိုတာ မသိရသေးပါဘူး။

0 comments:

Post a Comment