Powered by Blog - Widget

Friday, February 28, 2014

MPU ကတ်များဖြင့် AGD ဘဏ်၏ ATM စက်များတွင် ၂၄ နာရီ မိုလ်ဘိုင်းဖုန်းငွေဖြည့်ခြင်း ပြုလုပ်နိုင်ပြီ



Post By Aung Ko Htet (MM IT Knowledge)

အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD) နှင့် ချိတ်ဆက်ထားသော MPU Card များကို အသုံးပြု၍ ATM စက်များတွင် မိုဘိုင်းဖုန်းဘီလ်များကို ၂၄ နာရီ ကိုယ်တိုင်ဖြည့်သွင်းနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

၂၄ နာရီအသုံးပြုနိုင်သည့် ATM စက်များတွင် ယခုကဲ့သို့ AGD ဘဏ်နှင့် ချိတ်ဆက်ထားပြီး မိုဘိုင်းဖုန်းဘီလ်များ ထည့်သွင်းနိုင်သည့် ဝန်ဆောင်မှုကို ယခုလ ၁၃ ရက်က စတင်စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် မည်သည့်ဖုန်းအမျိုးအစားအတွက်မဆို အသုံးပြုနိုင်မည်ဖြစ်သည်။

အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်နှင့် ချိတ်ဆက်ထားသော MPU စနစ်အသုံးပြု ATM စက်များတွင် မိုဘိုင်းဖုန်းဘီလ်များ ဖြည့်သွင်းသည့်အခါ ပထမဆုံးအနေဖြင့် MPU Card ထဲတွင် ငွေဖြည့်သွင်းနိုင်သည့် ပမာဏအလုံလောက်ရှိရန် လိုအပ်သည်။

ထို့နောက် ATM စက်များတွင် သီးခြားဝန်ဆောင်မှုဆိုသည့် ခလုတ်ကို နှိပ်ရမည်ဖြစ်ပြီး ယင်းနောက် မိမိအသုံးပြုသည့် ဆင်းမ်ကတ်အမျိုးအစား (Oyrm- CDMA 800Mhz, GSM) ကို ရွေးချယ်ရမည်ဖြစ်သည်။

ထိုအဆင့်ပြီးလျှင် မိမိဖုန်းထဲသို့ ငွေတိုက်ရိုက်ဖြည့်သွင်းသည့် စနစ်၊ မီတာဘီလ်စနစ်၊ ပြေစာစနစ်များထဲမှ ကြိုက်နှစ်သက်ရာစနစ်ကို ရွေးချယ်နိုင်မည်ဖြစ်သည်။ သို့သော် ယခုလတ်တလောတွင် ပြေစာစာရွက် ထုတ်ပေးသည့်စနစ် တစ်ခုတည်းကိုသာ သုံးစွဲနိုင်ဦးမည်ဟု သိရသည်။

ATM စက်မှတစ်ဆင့် မိုဘိုင်းဖုန်းဘီလ်ဖြည့်သွင်းလိုသူသည် ပြေစာစာရွက်ကို လက်ခံရရှိပါက ထိုစာရွက်တွင် ပါဝင်လာမည့် လျှို့ဝှက်ကုတ်နံပါတ်ဂဏန်းများကို မိုဘိုင်းဖုန်းထဲတွင် ရိုက်နှိပ်ကာ ငွေဖြည့်သွင်းနိုင်မည် ဖြစ်သည်။

အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်အနေဖြင့် မကြာသေးမီကမှ စတင်သော အဆိုပါဝန်ဆောင်မှုကို အသုံးပြုသူများအတွက် စတင်စမ်းသပ်သည့်နေ့မှ နှစ်လအတွင်း ငါးထောင်နှင့် တစ်သောင်းကျပ်တန် ငွေဖြည့်ကတ်များကို ATM စက်မှ ဖြည့်သွင်းသူများအတွက် ငါးရာခိုင်နှုန်းစီ နှုန်းထားများကို လျှော့ထားသည်ဟု သိရသည်။

Credit>>> ယုဇနကိုကို

0 comments:

Post a Comment