Powered by Blog - Widget

Friday, February 28, 2014

Digicel နှင့် Ooredoo ပူးပေါင်းပြီး အဆင့်မြင့်ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မှုစီမံကိန်း မကြာမီ စတင်တော့မည်


Post By Aung Ko Htet (MM IT Knowledge)

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်နှင့် လွဲခဲ့ရသည့် Digicel ကုမ္ပဏီနှင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အစိုးရ၏ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို လက်ခံရရှိခဲ့သည့် Ooredoo Myanmar Limited ကုမ္ပဏီတို့သည် မကြာမီလအနည်းငယ်အတွင်းတွင် ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မည့် စီမံကိန်းကို စတင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အရှေ့အလယ်ပိုင်း ဒေသနိုင်ငံတွင် အခြေစိုက်သည့် Ooredoo သည် Digicel ဆက်သွယ်ရေးကုမ္ပဏီနှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်မည့်စီမံကိန်းအတွက် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအချိန်ကတည်းက သဘောတူညီထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု၏ ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်မည့်စီမံကိန်းသည် တစ်နိုင်ငံလုံး မိုဘိုင်းဖုန်းသုံးစွဲသူများ၏ ဆက်သွယ်ရေး ကွန်ရက်အများစုကို လွှမ်းခြုံမိစေမည်ဖြစ်ကြောင်း Ooredoo ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ပုဂ္ဂလိကမှ စိုက်ထူသည့်တာဝါတိုင်များ ပိုမိုများပြားလာခြင်းကြောင့် ပြည်တွင်း မိုဘိုင်းဆက်သွယ်မှုစနစ်များ လက်ရှိထက် အဆပေါင်းများစွာ ကောင်းမွန်လာမည့်အပြင် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် အခြားအရေးကြီးကဏ္ဍများ၏ တိုးတက်မှုကိုပါ မြှင့်တင်ပေးနိုင်ရန် မျှော်လင့်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

Digicel ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် အခြားပြည်ပဆက်သွယ်ရေးကုမ္ပဏီ (၉၀) နှင့်အတူတကွ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးချယ်ခြင်းမခံခဲ့ရပေ။ ထို့ကြောင့် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းအတွက် တင်ဒါအောင်မြင်ထားသည့် ကာတာကုမ္ပဏီနှင့် တာဝါတိုင် တည်ဆောက်မည့် စီမံကိန်းကို ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် သန်းခြောက်ဆယ်ကျော်သော မြန်မာပြည်လူဦးရေအတွက် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းကို အမှန်တကယ် လုပ်ကိုင်ရန် စိတ်ဝင်စားနေခြင်း ဖြစ်သည်။

မြန်မာအစိုးရ၏ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို ရရှိထားသည့် နော်ဝေအခြေစိုက်ကုမ္ပဏီနှင့် ကာတာနိုင်ငံအခြေစိုက် ကုမ္ပဏီတို့သည် ယခုအချိန်မှ စတင်ကာ နောက်ထပ် ခြောက်လမှ ရှစ်လခန့်အကြာတွင် အများပြည်သူသို့ ဈေးနှုန်း အလွန်သက်သာသည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ရောင်းချတော့မည် ဖြစ်သည်။

Credit>>> ယုဇနကိုကို

0 comments:

Post a Comment