Powered by Blog - Widget

Thursday, February 27, 2014

Samsung Galaxy S5 preview


 Post By Aung Ko Htet (MM IT Knowledge)

Mobile World Congress မှာ ကိုးရီးယား ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ဆမ်ဆောင်းကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်အတွင်းက ပထမဦးဆုံး ဆမ်ဆောင်းဖုန်းတစ်လုံးကို တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးအစားကတော့ မျက်နှာပြင် ၅.၁ လက်မဖြစ်တာကြောင့် Flagship စမတ်ဖုန်းတစ်လုံးလို ဆိုရမှာ ဖြစ်ပါတယ်။

အတွင်း အစိတ်အပိုင်းများ


quad-core Snapdragon 805 processor ဖြစ်ပြီး မြန်နှုန်း 2.5GHz ရှိပါတယ်။ 2GB RAM ဖြစ်တဲ့အတွက် မြန်ဆန်လှတဲ့ run ကိုရရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ 64-bit တော့မဟုတ်ပါဘူး။ အော်ရီဂျင်နယ် Android 4.4 KitKat နဲ့လာတာဖြစ်ပြီး Samsung’s TouchWiz မျက်နှာပြင် အလွှာ မြင်ကွင်း အသစ်ကိုလည်း ရရှိမှာပါ။ Android Google Play or Nexus edition လာဆိုတာတော့ သိပ်မသဲကွဲသေးပါဘူး။

ဘတ္တရီ နဲ့ မှတ်ဥာဏ်သိုလှောင်မူ

တစ်နေ့လုံး အသုံးပြုနိင်စေဖို့ကို 2800mAh battery ကိုထည့်ပေးထားပြီး စကားပြောချိန် ၂၁နာရီလောက်ကို ရရှိမှာ ဖြစ်ပါတယ်။ အတွင်း မှတ်ဥာဏ် သိုလှောင်မူမှာ 16GB နဲ့ 32GB ဆိုပြီး ဖုန်း အမျိုးအစား နှစ်မျိုးကိုရွေးနိင်မှာ ဖြစ်ပြီး ဒီထက်ပိုလိုချင်ခဲ့ရင်တော့ 64GB ကို Micro SD ကဒ်ကနေ တိုးမြှင့်နိင်ပါတယ်။
4G LTE ဆက်သွယ်မူရရှိပြီး Download Booster လို့ခေါ်တဲ့ fifth generation Wi-Fi 802.11ac and 2X2 MiMo ပါဝင်ကာ ၀ိုင်ဖိုင်ရော 4G ရော နှစ်ခုလုံးကို အသုံးနိင်ခြင်းဖြင့် ပိုမိုလျှင်မြန်စွာ ဖိုင်တွေကို ဒေါင်းလုပ်ခ်ပြုလုပ်နိင်မှာ ဖြစ်ပါတယ်။

ကိုယ်ထည် ဖွဲ့စည်းမူနဲ့ ရေစိုခံမူ

အရင်ကသတင်းတွေက S5 ဟာ သတ္တုကိုယ်ထည်နဲ့လာခဲ့မယ်လို့ဆိုကြခဲ့ပေမဲ့ ယခုထွက်ရှိလာတဲ့အချိန်မှာတော့ ပိုလီကာဗွန်နိတ်ဖြင့် ကိုယ်ထည် နေရာတော် တော်များများကို ဖွဲ့စည်းထားတာကိုတွေ့ရပါတယ်။ အရင်ထွက်ရှိခဲ့သမျှ Galaxy S စီးရီးဖုန်းတွေနဲ့ မတူတဲ့ ပျော့ပြောင်းတဲ့ ဖုန်းရဲ့အနောက်ဖက်အထိအတွေ့
ကို ခံစားရမှာ ဖြစ်ပါတယ်။ အရည်အသွေးမြင့် ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။

နောက် တစ်ခုကတော့ ဆမ်ဆောင်းရဲ့ အားလုံးသော Galaxy စီးရီးတွေထက် ထူးခြားတဲ့ ရေစိုခံနိင်တဲ့ IP67 ဖြစ်ပါတယ်။ ရေစိုခံနိင်ရုံတင်မဟုတ်ပါဘူး။ သံချေးတက်ခြင်းတွေကိုပါ အပြည့်အ၀ကာကွယ်ပေးမှာ ပါ။ မိနစ်(၃၀) လောက်ထိကို ကောင်းကောင်းရတယ်လို့ ဆိုထားပါတယ်။

အလေးချိန် ၁၄၅ ဂရမ်ဖြစ်ပါတယ်။ အချိုးအစားကတော့ 142 x 72.5 x 8.1mm ရှိပါတယ်။ အရောင်အနေနဲ့ (၄)မျိုး ရွေးချယ်နိင်မှာ ဖြစ်ပြီး အဲဒါတွေကတော့ အမည်း၊ အဖြူ၊ အပြာ၊ ကော့ပါးရွှေ တို့ပဲ ဖြစ်ပါတယ်။

မျက်နှာပြင်

HD AMOLED 2560 x 1440 မျက်နှာပြင်ဖြစ်ပြီး S4 ထက်ကို ပါးလွှားပြီး ပိုကြီးမားပါတယ်။

လက်ဗွေစနစ်

ဟုတ်ပါတယ်။ i Phone 5S လို လက်ဗွေရာစနစ်ပါဝင်ပြီး အဓိကတပ်ဆင်ရတဲ့ ရည်ရွှယ်ချက်ကတော့ (၃) ခုရှိပါတယ်။

(၁) ဖုန်းကို အဆင်ပြေစွာ အဖွင့်အပိတ်လုပ်နိင်ရန်
( Touch ID sensor လိုဖြစ်ပါတယ်)
(အဆိုပါ အစိတ်အပိုင်းဟာ i Phone 5s လောက်တော့ကောင်းမွန်မူလျော့နည်းပြီး HTC One Max ထက်တော့ မှန်ကန်တိကျမှာ ဖြစ်ပါတယ်။)

(၂) မိုဘိုင်း ပေးချေမူအတွက် ရည်ရွယ်တာပါ။

(၃) ဖုန်းအတွင်းရှိ အရေးကြီး အချက်အလက်တွေကို သင့်ရဲ့ လက်ဗွေရာဖြင့် ကာကွယ်ထားနိင်အောင်လို့

စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

အနောက်ဖက် မှာ heartrate sensor ပါရှိပါတယ်။ဒါကတော့ နောက် Galaxy S5 အတွက် လာမည့် S Health appအတွက် ဖြစ်ပါတယ်။

ကင်မရာ

ဖုန်းအနောက်ပိုင်းရှိ 16 MP ရှိတဲ့ ကင်မရာကိုမှ LED Flash နဲ့လာပြီး HDR Mood တွေပါဝင်ပြီး post-shot focusing တွေပါရှိတဲ့အတွက်
Shutter တစ်ခါနှိပ်တိုင်း ဓာတ်ပုံနှစ်ပုံကို ရိုက်ကူးနိင်သကဲ့ သို့ နောက်ခံနဲ့ အရှေ့က အရာဝတ္တု ပုံရိပ်ကို ကွဲပြားသစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အလွန်လျှင်မြန်ပြီး 0.3 seconds ဖြင့် ရိုက်ကူးနိင်တဲ့ super-fast autofocus ကိုစီစဉ်ပေးထားကြောင်း သိရပါတယ်။

ဈေးနှုန်းနဲ့ ရရှိနိင်မူ

ဈေးနှုန်းနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ Samsung မှာ ဖွင့်ဟ ခြင်းမရှိသေးပါဘူး။ သို့ပေမဲ့ မကြာတော့တဲ့ ဧပရယ် ၁၁ ရက်မှာ အလုံးစုံကို သိရှိရတော့မှာ ဖြစ်ပါတယ်။

Aung Heine ( www.smart.com.mm )

0 comments:

Post a Comment