Powered by Blog - Widget

Friday, February 28, 2014

ဆက်သွယ်ရေးဆိုင်ရာ နည်းဥပဒေ ရှေ့နေချုပ်ရုံးသို့ ရောက်ရှိပြီးဟု ဒုဝန်ကြီးပြော



Post By Aung Ko Htet (MM IT Knowledge)

ဆက်သွယ်ရေးဆိုင်ရာ နည်းဥပဒေအား အပြီးသတ်အဆင့် ဆောင်ရွက်လျက်ရှိရာ လက်ရှိရှေ့နေချူပ်ရုံးတွင် ရောက်ရှိနေပြီဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်၏ ပြောကြားချက်အရ သိရသည်။



“နည်းဥပဒေက ငါးခု။ ခေါင်းစဉ်တစ်ခုစီကို နည်းဥပဒေတစ်ခုစီ သွားရတယ်။ နည်းဥပဒေက အခု ရှေ့နေချုပ်ရုံးမှာ ရောက်နေပါပြီ။ အမှန်အတိုင်းပြောရင် ထွက်ပြီလို့ ပြောလို့ရတယ်ပေါ့” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။ လက်ရှိ ဆက်သွယ်ရေးဆိုင်ရာ အော်ပရေတာ လိုင်စင်နှစ်ခုကို ချထားပေးခဲ့ပြီး အခြားအမျိုးအစား လိုင်စင်များကိုလည်း နည်းဥပဒေထွက်ရှိပြီး နောက်ပိုင်းချထားပေးရန် စီစဉ်နေကြောင်း သိရသည်။ ဝန်ကြီးဌာနအနေဖြင့် ပေါ်လစီပိုင်းဆိုင်ရာများကိုသာ ဆောင်ရွက်သွားတော့မည်ဖြစ်ပြီး ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား အော်ပရေတာများကသာ ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။



“ရှေ့နေချုပ်ရုံးက ဥပဒေဆိုတာနဲ့ ရေးထုံးရေးနည်းမှန်၏ မမှန်၏ လုပ်ရတာပေါ့” ဟု ဒုတိယဝန်ကြီးက ဆက်လက် ပြောကြားသည်။ အဆိုပါ ဥပဒေမှာ ဖေဖော်ဝါရီ လမကုန်ခင် ထွက်ရှိနိုင်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ဖူးသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ရေးဆွဲလျက်ရှိသော Licensing Rules, Spectrum Rules, Numbering Rules, Interconnection and Access Rules နှင့် Competition Rules တို့အပေါ် အများပြည်သူ၏ အကြံပြုချက်များကို ၄.၁၁. ၂၀၁၃ နေ့မှ ၂.၁၂. ၂၀၁၃ နေ့ အထိ တောင်းခံခဲ့ခြင်း ဖြစ်သည်။



ယင်းနည်းဥပဒေများအား မြန်မာဘာသာဖြင့် အတည်ပြု ပြဋ္ဌာန်းရမည်ဖြစ်သည့်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် နည်းဥပဒေမူကြမ်းများအား မြန်မာဘာသာသို့ ပြန်ဆိုလျက်ရှိပြီး ယင်းဥပဒေများအား အတည်ပြုချက် ရရှိရေးအတွက် လျင်မြန်စွာ ဆောင်ရွက်လျက်ရှိ သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။



ထွန်းထွန်း

0 comments:

Post a Comment