Powered by Blog - Widget

Thursday, March 20, 2014

Android Phone မှာ ဓာတ်ပုံ ၊ ဗီဒီယို ရိုက်ကူးဖို့ အသံဖြင့် ခိုင်းစေနိုင်ပြီ






Aung Ko Htet (MM IT Knowledge)


Google က Android ရဲ့ Google Now or Google Voice Search မှာ စွမ်းဆောင်ချက်အသစ် တစ်ခု ထည့်သွင်းပေးလိုက်ပါတယ်။ Voice Command ကို အသုံးပြုပြီး ဓာတ်ပုံ နဲ့ ဗီဒီယို ရိုက်ကူးနိုင်တာဖြစ်ပါတယ်။ Android 4.1 နဲ့ သူ့အထက် က Android Phone တွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Microphone Icon ကိုနှိပ်ပြီး ဒါမှမဟုတ် “OK Google” လို့ ရွတ်ဆိုပြီး Google Now ကိုဖွင့်ပါ။ “take a photo” or “take a video” လို့ အသံနဲ့ အမိန့်ပေးလိုက်တာနဲ့ Camera App ကို ဖွင့်ပေးမှာဖြစ်ပါတယ်။ ဓာတ်ပုံ ၊ ဗီဒီယို ကို တော့ ကိုယ်တိုင် ရိုက်ကူးရမှာဖြစ်ပါတယ်။

Google က Google Now ကိုယ်ရေးလက်ထောက် ကို Android 4.1 နဲ့ သူ့အထက် ဖုန်းတွေမှာ ထည့်သွင်းပေးထားပါတယ်။ Google Now က Google ရဲ့ Voice Search ဖြစ်သလို ကိုယ်ရေးလက်ထောက် တစ်ယောက်ဖြစ်ပါတယ်။ Google Now ကို ခိုင်းစေနိုင်တဲ့ Voice Command များစွာ ရှိပါတယ်။ Google Now ကို ခိုင်းစေနိုင်တဲ့ Voice Command တွေကို အောက်က လင့် က ဆောင်းပါးမှာဖတ်ရှုနိုင်ပါတယ်။

Ref: Myanmar Digital Life

0 comments:

Post a Comment