Powered by Blog - Widget

Tuesday, March 25, 2014

ပူးပေါင်းမည့် အော်ပရေတာကို ရတနာပုံတယ်လီပို့အနေဖြင့် ရွေးချယ်နေဆဲဟုဆို



Aung Ko Htet (MM IT Knowledge)



ရတနာပုံတယ်လီပို့ကုမ္ပဏီသည် ၎င်းတို့နှင့် ပူးပေါင်း၍ ပြည်တွင်း၌ ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံမည့် အော်ပရေတာကို ရွေးချယ်နေဆဲဖြစ်သည်ဟု ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးရှိန်းသူအောင်က ပြောသည်။



ပြည်ပဆက်သွယ်ရေး အော်ပရေတာသုံးခုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပူးပေါင်းဆောင်ရွက်ရန် ရတနာပုံတယ်လီပို့အနေဖြင့် ဆွေးနွေးနေကြောင်း ဆွေးနွေးနေသည့် ကုမ္ပဏီအမည်များကိုမူ ထုတ်ဖော်ပြောကြားလိုခြင်း မရှိကြောင်း ဦးရှိန်းသူအောင်က ပြောသည်။



“ဆွေးနွေးနေဆဲအဆင့်မှာ ရွေးချယ်ဖြစ်တာ၊ မရွေးချယ်ဖြစ်တာရှိတယ်။ မရွေးချယ်ဖြစ်တဲ့အခါကြတော့ နိုင်ငံတကာ သက်ရောက်မှုတွေလည်း ဖြစ်နိုင်တယ်။ သူတို့အနေနဲ့ စတော့ (ခ်) ဈေးကွက်တွေလည်း ရှိတာကိုး” ဟု ၎င်းက ပြောသည်။ ယခုလအတွင်း ထိုင်းနိုင်ငံအခြေစိုက် ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် True ကော်ပိုရေးရှင်းနှင့် ရတနာပုံတယ်လီပို့တို့ ပူးပေါင်းမှုများပြုလုပ်ခဲ့သည်ဟု နိုင်ငံတကာ သတင်းစာမျက်နှာများ၌ ဖော်ပြခဲ့သည်။



ရတနာပုံတယ်လီပို့သည် True နှင့် ပူးပေါင်းမည်ဟူသောသတင်းကို ငြင်းဆိုခဲ့သည့်အပြင် ဆွေးနွေးနေဆဲဖြစ်သည့် ဆက်သွယ်ရေး အော်ပရေတာ အမည်များကိုလည်း ထုတ်ဖော်ပြောလိုခြင်းမရှိဟု ဆိုသည်။ ထို့အပြင် ရတနာပုံတယ်လီပို့သည် ဆက်သွယ်ရေးအော်ပရေ တာအဖြစ်လုပ်ကိုင်ရန် အဆင့်သုံးဆင့်ကို လုပ်ကိုင်နေသည်ဟု ဦးရှိန်းသူအောင်က ဆိုသည်။



“တစ်ပိုင်းက အများပိုင်အဖြစ် သွားဖို့ ပြောင်းဖို့လုပ်နေတာ နှောင့်နှေးမှုမရှိဘူး။ နောက်တစ်ပိုင်းက ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှာ လိုင်စင်အခန်းကဏ္ဍ လုပ်ကိုင်နေတယ်။ ဒါလည်း နှောင့်နှေးမှုမရှိဘူး။ တတိယက ကြီးမားတဲ့ငွေရေး ကြေးရေးတွေပါတဲ့ ပါတနာကိစ္စလုပ်ရတယ်။ ဒီနေရာမှာ နည်းပညာအရကော အရာရာမှန်ကန်ဖို့လိုတယ်” ဟု ဦးရှိန်းသူအောင်က ပြောသည်။



နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများနှင့် ပူးပေါင်းရာတွင် မြန်မာအစုရှယ်ယာကို အဓိကထား စဉ်းစားသွားမည်ဖြစ်ပြီး ရွေးချယ်လိုက်သည့် ပါတနာနှင့် ပူးပေါင်း၍ ပစ္စည်းဝယ်ယူမှုများကို နိုင်ငံတကာ အကောင့်ပုံစံဖြင့် ဈေးနှုန်းသက်သာရန် ဝယ်ယူအသုံးပြုသွားမည်ဟု သိရသည်။



ref : မြင့်ကျော်လှိုင်

0 comments:

Post a Comment