Powered by Blog - Widget

Thursday, March 20, 2014

Sony က PlayStation 4 အတွက် Virtual Reality Headset ကို ပြုလုပ်နေ



Aung Ko Htet (MM IT Knowledge)

Sony က PlayStation 4 အတွက် Virtual Reality Headset ကို ပြုလုပ်နေကြောင်း ကြေညာပါတယ်။ Sony ရဲ့ ဥက္ကဌ ဖြစ်သူ Shuhei Yoshida က Game Developer Conference 2014 မှာ VR Headset ရဲ့ နမူနာပုံစံ ကို ပြသခဲ့ပါတယ်။ VR Headset တွေဟာ ဂိမ်းကစားသူတွေအတွက် အတုအယောင် ဂိမ်းတွေကို အစစ်အမှန် ကဲ့သို့ ခံစား ကစားရစေမှာ ဖြစ်ပါတယ်။

Sony က စီမံကိန်း အမည် ကို Morpheus လို့ အမည်ပေးထားပါတယ်။ Sony က ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ VR Headset ကို ကြိုးစား တီထွင်နေတာဖြစ်ပါတယ်။ Headset မှာ 1080p Display တပ်ဆင်ထားပြီး ကိုးဆယ် ဒီဂရီ မြင်ကွင်းတွေ ကို ကြည့်နိုင်ပါတယ်။ Headset ဟာ PlayStation Camera , PlayStatiion Move တို့ နဲ့ တွဲဖက် အလုပ်လုပ်မှာဖြစ်ပါတယ်။ Headset ကို ၀တ်ဆင်ရင် သက်တောင့်သက်သာ ရှိစေမယ်လို့ သိရပါတယ်။

“VR Headset ကို ၀တ်ဆင်ရင် အခြားနေရာ တစ်နေရာ ကို ရောက်ရှိသွားသလို ခံစားရမှာဖြစ်ပါတယ်။ Sony က NASA နဲ့ စီမံကိန်း တစ်ခု ပူးပေါင်းပြုလုပ်နေပြီး PS4 ပိုင်ရှင်များ ဟာ အာကာသထဲရောက်ရှိသွားသလို ခံစားရမှာဖြစ်ပါတယ်။ “ လို့ VR Headset ကို ဦးဆောင်တီထွင်နေသူ Richard Marks က ပြောပါတယ်။

Sony က Virtual Reality နည်းပညာနယ်ပယ်မှာ သူ့ရဲ့ ပြိုင်ဖက် တွေနဲ့ ယှဉ်ရင် အနည်းငယ် နောက်ကျနေပါတယ်။ Oculus VR က သူ့ရဲ့ပထမဆုံး VR Headset ကို ၂၀၁၂ ခုနှစ်မှာ ပြသခဲ့ပါတယ်။ Oculus VR က ပိုမိုကောင်းမွန်တဲ့ Crystal Cove Headset ကို ဒီနှစ်အစောပိုင်းမှာ ပြသခဲ့ပါတယ်။ Valve ကလည်း VR Headset ကိုတီထွင်နေပါတယ်။ Microsoft က Augmented Reality Glass ကို တီထွင်နေပြီး Project Fortaleza လို့ အမည်ပေးထားပါတယ်။ Xbox One ရဲ့ Kinect Sensor နဲ့ တွဲဖက် အလုပ်လုပ်မှာဖြစ်ပါတယ်။


Ref: Myanmar Digital Life

0 comments:

Post a Comment