Powered by Blog - Widget

Thursday, March 20, 2014

LG စမတ်ဖုန်းများအား 'MWD Live Shopping' အစီအစဉ်တွင် ရောင်းချမည်



Aung Ko Htet (MM IT Knowledge)

Free-to-air ချန်နယ်တစ်ခုဖြစ်တဲ့ MWD Documentary ရဲ့ ‘Live Shopping’ အစီအစဉ်မှာ LG ချစ်သူများအတွက် အဆင့်မြင့် L II မျိုးဆက် စမတ်ဖုန်းများကို လာမယ့် ၂၃ ရက်နေ့ (တနင်္ဂနွေနေ့) ညနေ ၄း၃၀ မှ စတင် ရောင်းချပေးသွားမှာ ဖြစ်လို့ လက်လွတ်မခံဘဲ စောင့်မျှော်အားပေး ကြည့်ရှုနိုင်ကြစေရန် သတင်းပေးအပ်ပါသည်။

အိမ်ထဲကနေပဲ စမတ်ဖုန်းများကို ရွေးချယ် ကြည့်ရှုဝယ်ယူနိုင်မယ့် အဆိုပါအစီအစဉ်မှာ LG ရဲ့ 'L မျိုးဆက်'၊ 'L II မျိုးဆက်' နဲ့ Nexus 4 စမတ်ဖုန်းများကို အလွန်တရာသက်သာသော ဈေးနှုန်းများဖြင့် များစွာလျှော့ချပြီး ရောင်းပေးသွားမှာပါ ဖြစ်ပါတယ်။ အဆိုပါ ‘Live Shopping’ အစီအစဉ်မှာ မိမိတို့ အိမ်တွင် အခမဲ့ဖမ်းယူ ကြည့်ရှုနိုင်သည့် MWD Documentary ချန်နယ်၏ ညနေပိုင်း အစီအစဉ်တစ်ခု ဖြစ်ပြီး Presenter များမှ Products အကြောင်းကို မိတ်ဆက်ရှင်းလင်းသုံးစွဲပြကာ အဆက်မပြတ်ဖော်ပြနေသည့် Hot Line ဖုန်းနံပါတ်များသို့ ဆက်သွယ်မှာကြား ၀ယ်ယူနိုင်သည့် အစီအစဉ်ကောင်း တစ်ခုဖြစ်ပါသည်။

အဆိုပါ ၂၃ ရက်နေ့ (တနင်္ဂနွေနေ့) ညနေ ၄း၃၀ အချိန် MWD Documentary ချန်နယ်၏ Live Shopping အစီအစဉ်တွင်…

ပုံမှန်ဈေး 89000 ကျပ်ရှိ L 1 II စမတ်ဖုန်းကို 64000 ကျပ်ဖြင့်လည်းကောင်း၊

ပုံမှန်ဈေး 95000 ကျပ်ရှိ L 3 စမတ်ဖုန်းကို 70000 ကျပ်ဖြင့်လည်းကောင်း၊

ပုံမှန်ဈေး 149000 ကျပ်ရှိ L 5 စမတ်ဖုန်းကို 109000 ကျပ်ဖြင့်လည်းကောင်း၊

ပုံမှန်ဈေး 170000 ကျပ်ရှိ L 5II စမတ်ဖုန်းကို 130000 ကျပ်ဖြင့်လည်းကောင်း၊

ပုံမှန်ဈေး 185000 ကျပ်ရှိ L7 စမတ်ဖုန်းကို 135000 ကျပ်ဖြင့်လည်းကောင်း၊

ပုံမှန်ဈေး 240000 ကျပ်ရှိ L 7II စမတ်ဖုန်းကို 180000 ကျပ်ဖြင့်လည်းကောင်း၊

ပုံမှန်ဈေး 275000 ကျပ်ရှိ L9 စမတ်ဖုန်းကို 199000 ကျပ်ဖြင့်လည်းကောင်း၊

ပုံမှန်ဈေး 379000 ကျပ်ရှိ Nexus 4 စမတ်ဖုန်းကို 269000 ကျပ်ဖြင့်လည်းကောင်း MWD Live Shopping တီဗွီအစီအစဉ်တွင် ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ref: LG Myanmar

0 comments:

Post a Comment