Powered by Blog - Widget

Monday, March 31, 2014

ပီစီ ကို အသုံးပြု၍ iOS မှ Android သို့ပြောင်းခြင်း



Aung Ko Htet (MM IT Knowledge)

ဒီသင်ခန်းစာကိုလုပ်ဖို့ သင်လိုအပ်တာ : XP,7 or 8
လိုအပ်တဲ့အချိန် : ၄၅မိနစ်

Google ရဲ့ အမှုဆောင်အရာရှိဖြစ်သူ Eric Schmidt ကမကြာသေးမီက iOSကနေ Android ကို ပြောင်းဖို့ Mac နဲ့ PC(www.snipca.com/10981) ကိုသုံးပြီး ပြောင်းလဲနိုင်တယ်လို့ဆိုပေမယ့် ယင်းအတွက် Mac ကိုမသုံးဘဲနဲ့လဲလုပ်ဆောင်နိုင်ပါတယ်။ကျွန်တော်တို့ကအဲဒိလိုပြောင်းလဲဖို့အတွက် ပီစီသီးသန့်သုံးပြီး ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုပြသမှာဖြစ်ပါတယ်။ဒီ Workshop မှာတော့ သင့်ရဲ့ အရေးကြီး အချက်အလက်တွေဖြစ်တဲ့ သင့် iOS device ပေါ်က ontacts,images ,videos နဲ့ music ဖိုင်တွေကို Android device ပေါ်သို့ဘယ်လိုကူးပြောင်းရမလဲဆိုတာကိုပြသသွားမှာဖြစ်ပါတယ်။စတင်ဖို့ အတွက်သင်လိုအပ်တာကတော့ gmail account တစ်ခုပဲဖြစ်ပါတယ်။iOS, Android နဲ့ PC မှာ ကူးပြောင်းသွားတာတွေကို အောက်ပါအဆင့်များအတိုင်းဂရုတစိုက်လိုက်လုပ်ကြည့်ပါ။


 


Step 1
သင့် Android device မှာ သင် iOS မှာတုန်းက မကြာခဏအသုံးပြုလေ့ရှိတဲ့ apps တွေကို download လုပ်၊ sign in ဝင်ပါ။ယင်းကိုလုပ်ဆောင်ဖို့ Play store icon ကိုနှိပ်ပြီး သင် download လုပ်ချင်တဲ့ apps တွေကိုရှာဖွေပါ။ သင့် Android device မှာ Google Drive ကို www.snipca.com/10980 ကနေ download လုပ်ပြီးထည့်သွင်းပါ။ဒီ tutorial နောက်ပိုင်းမှာ သင့်ရဲ့ ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကို ကူးပြောင်းဖို့ အဲဒါကိုသုံးစွဲမှာပါ။ Gmail account နဲ့ Google Drive ထဲ sign in ဝင်ပါ။ သင့် iOS device ကို (iOS 7.0.4 သို့ အထက်) ကို Settings ရဲ့ General ထဲက Software Upade(1) ကို နှိပ်ပြီး update လုပ်ပါ။





Step 2
ယခုအခါမှာတော့ သင့်ရဲ့ပီစီကိုသွားပါ။ iOS ကနေ Android သို့ သင့် Contacts တွေကူးပြောင်းဖို့ browser ကိုဖွင့်ပြီး www.icloud.com ကိုသွားပါ။ သင့် Apple ID နဲ့ password ကိုရိုက်ထည့်ပြီး sign in ဝင်ပါ။ သင့် contacts(1) အားလုံးကိုတွေ့မြင်ရဖို့ Contacts ကိုနှိပ်ပါ။ အားလုံးကို select လုပ်ဖို့ Ctrl+A ကိုနှိပ်ပါ။iCloud မျက်နှာပြင်ရဲ့ အောက်ဘယ်ဖက်က Actions Menu(cog icon)(2) ကို နှိပ်ပြီး ‘Export vCard_’ ကို ရွေးပါ။ vCard တစ်ခုမှာ contact information အားလုံးပါဝင်တဲ့ .vef file တစ်ခုပါဝင်ပါတယ်။ယင်းဖိုင်က ယခုအခါမှာ သင့်ပီစီရဲ့ default Download folder ထဲကို download ချသွားမှာပါ။





Step 3
ထို့နောက် သင့်ပီစီမှာ Gmail account နဲ့ sign in ဝင်ပါ။ ထိပ်ဘယ်ဖက် ကGmail menu ကိုနှိပ်ပြီး Contacts ကိုရွေးပါ။ More(1) ကိုနှိပ်ပြီး ‘Import_’ ကိုရွေးပါ။ Choose File(2) ကို နှိပ်ပြီး သင် download လုပ်ထားတဲ့ vCard ကို ရွေးကာ Import(3) ကို နှိပ်ပါ။သင့် Contacts အားလုံးက ယခုအခါ Gmail မှာပေါ်လာမှာဖြစ်ပါတယ်။ယင်း contacts များကို သင့် Android device မှာ ရရှိဖို့ Android device မှာ Contacts app ကိုဖွင့်ပြီး Menu ကိုနှိပ်ပါ။ထို့နောက် Accounts ကိုနှိပ်ကာ Gmail Account ကိုရွေးပါ။ OK ကိုနှိပ်ပါ။ သင့် iOS device က contacts အားလုံးက ယခုအခါမှာ Android device မှာပေါ်လာမှာဖြစ်ပါတယ်။




STEP 4

ယခုအခါမှာတော့ ကျွန်တော်တို့ သင့်ဓာတ်ပုံများနဲ့ ဗီဒီယိုဖိုင်များကို iOS နဲ့ Android ကြား sync လုပ်မှာဖြစ်ပါတယ်။ သင့် iOS device မှာ Google Drive app ကို www.snipca.com/10975 ကနေ download လုပ်ပြီး gmail account နဲ့ sign in ဝင်ပါ။ Google Drive ကိုဖွင့်ပြီး ထိပ်ဖက်ဘယ်ဖက်ခြမ်းက parallel လိုင်း တွေကို နှိပ်ပါ။ Uploads ကို ရွေးပါ။ယခုတော့ထိပ်ပိုင်းညာဖက်ခြမ်းက ‘+’ သင်္ကေတ ကိုနှိပ်မှာဖြစ်ပါတယ်။ ‘Upload Photos or Videos’ ကိုရွေးပါ။ သင့် iOS မှာရှိတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကိုပြသမှာဖြစ်ပါတယ်။ သင် upload လုပ်ချင် items တွေကို တစ်ခုချင်းစီနှိပ်ပြီး ရွေးကာ ထိပ်ပိုင်းညာဖက်(1) က အပြာရောင်အမှန်ခြစ်လေးကိုနှိပ်ပါ။သင့်ဖိုင်များက upload လုပ်သွားပါလိမ့်မည်။ ထို့နောက် သင့် Android device မှာ Google Drive app ကိုနှိပ်ပြီး သင် upload လုပ်လိုက်တဲ့ iOS ကဖိုင်တွေကို တွေ့မြင်ရမှာပါ။


 


STEP 5

သင့် ဓာတ်ပုံ နဲ့ ဗီဒီယိုဖိုင်များကို Android Gallery app မှာပေါ်ချင်ရင် ပထမဆုံး သင့် Desktop PC အတွက် Google Drive ကို www.drive.google.com မှာ download လုပ်ပြီး sign in ဝင်ပါ။ သင့် Android device ကို PC နဲ့ USB ကြိုးနဲ့ချိတ်ဆက်ပါ။ သင့် device ကိုရွေးပါ။ သင့်PC ရဲ့ folder တွေရဲ့ list မှာ folder အသစ် တစ်ခုကိုဆောက်ပြီးအမည်ပေးပါ။ Google Drive ကဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကို
ကော်ပီကူးပြီး ဒီ folder ထဲမှာ paste လုပ်ပါ။ သင့်ရဲ့ Galler app က folder အသစ်ထဲမှာ သင့်ဖိုင် အားလုံး တည်ရှိနေမှာပါ။




STEP 6
iTunes မှာသင်ဝယ်ယူထားတဲ့သီချင်းတွေကို Android device မှာ import လုပ်ဖို့ ပထမဆုံးသင့်ပီစီမှာ iTunes ကို sign in ဝင်ပါ။ ယခု ထိပ်ဘယ်ဖက် က dropdown menu အသေးလေးကို နှိပ်ပါ။ထို့နောက် Preferences ကိုနှိပ်ပါ။ Store tab(1) ကိုနှိပ်ပြီး “Show iTunes in the Cloud purchases’ ကအမှန်ခြစ်ခြစ်(2)ထားကြောင်းသေချာစေပါ။OK(3) ကိုနှိပ်ပါ။ iTunes မှာ သင့် သီချင်းတွေကို download လုပ်ဖို့ iCloud icon ကိုနှိပ်ပါ။ အဲဒိအခါ သင့်ပီစီသို့ သင် iTunes မှာဝယ်ယူထားတဲ့သီချင်းတွေကို download လုပ်သွားမှာဖြစ်ပါတယ်။



STEP 7
သင့် PC မှာ play.google.com/music ကိုသွားပြီးထိပ်ပိုင်း ညာဖက် setting icon ဘေးက ‘Upload music’ ကိုနှိပ်ပါ။ Download Music Manager ကိုနှိပ်ပြီး install ပါ။ ‘Upload songs to Google Play’ ပေါ်လာတဲ့အခါ Next ကိုနှိပ်ပါ။ iTuens ကို select(1) လုပ်ထားကြောင်းသေချာစေပါ။iTunes မှ သင့် သီချင်းများကို download လုပ်ဖို့ Next(2) ကို ထပ်နှိပ်ပါ။ Upload လုပ်တာ ပြီးစီးသွားရင် သင့် သီချင်းဖိုင်တွေအားလုံးကို Google Play Music မှာမြင်ရမှာပါ။ သင့် iTunes သီချင်းတွေကို free အဖြစ် နားထောင်နိုင်ဖို့ သင့် Android device မှာ app ကို www.snipca.com/10982 မှာ download လုပ်ပါ။



  ref: Tech Space Journal

0 comments:

Post a Comment