Powered by Blog - Widget

Thursday, March 20, 2014

LG အီလက်ထရောနစ်မှ စမတ်နာရီ G Watch မကြာမီ ပွဲထွက်လာမည်



Aung Ko Htet (MM IT Knowledge)

တောင်ကိုရီးယားအခြေစိုက် LG အီလက်ထရောနစ်သည် Google နှင့်ပူးပေါင်းပြီး စမတ်နာရီ ‘G Watch’ ကို အကောင်းမွန်ဆုံး ပြင်ဆင်လျက်ရှိသည်။ ၀တ်ဆင်နိုင်သော Device များ ခေတ်စားလာသည့်အလျောက် LG သည်လည်း ယခု ‘G Watch’ ကို အန်းဒရွိုက် OS အသုံးပြုသွားမည် ဖြစ်သည်။

ယခုနှစ် ၂၀၁၄ ခုနှစ်အတွင်း မိတ်ဆက်ပွဲထုတ်လာမည့် G Watch သည် မည်သည့် အန်းဒရွိုက်စမတ်ဖုန်းနှင့်မဆို ချိတ်ဆက်တွဲဖက် နိုင်မည်ဖြစ်ပြီး “OK Google” ဟု ဆိုလိုက်သည်နှင့် Search Engine တွင် အလိုရှိရာကို ရှာဖွေနိုင်ရန် အဆင်သင့်ပြင်ဆင် ပေးမည်ဖြစ်သည်။

နောက်ဆုံးပေါ် အန်းဒရွိုက်ဗားရှင်း 4.4 (KitKat) ကို ပထမဆုံးအသုံးပြုကာ ထုတ်လုပ်လိုက်သည့် Nexus 5 စမတ်ဖုန်းဖြင့် LG သည် အကောင်းဆုံး Hardware ထုတ်လုပ်သူအဖြစ် သတ်မှတ်ခြင်းခံထား ရသူလည်း ဖြစ်သည်

ထို့ကြောင့် LG မှ မကြာခင်ထုတ်လုပ်မည့် စမတ်နာရီ G Watch သည်လည်း မူလအန်းဒရွိုက်ဗားရှင်း၏ အပြင်အဆင်၊ အနှစ်သာရကို အရည်အသွေးမပျက် စီစဉ်ထားမည် ဖြစ်သောကြောင့် အခြားသော Wearable Device စမတ်နာရီများထက် အပြတ်အသတ် သာလွန်မည်မှာ သေချာသည်။

“Google နဲ့ အလုပ်အတူ တွဲလုပ်ဖို့ အခွင့်အရေး ရရှိခဲ့တာဟာ LG ရဲ့ ဒီ G Watch စမတ်နာရီကို ဒီဇိုင်းပိုင်းအရကော Hardware, ဆော့ဖ်ဝဲလ်ပိုင်းအရပါ အကောင်းမွန်ဆုံး ဖြစ်လာစေတာပါပဲ၊ ၂၀၀၉ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ 3G Touch Watch Phone, ၂၀၀၈ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Prada Link တို့ပြီးနောက် ယခု G Watch ဟာလည်း LG ရဲ့ Wearable Device နည်းပညာသစ် မျိုးဆက်သစ်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒီစမတ်နာရီရဲ့ ဒီဇိုင်းပိုင်းအရကော အဖက်ဖက်မှာပါ အကောင်းမွန်ဆုံး စီစဉ်ထားပြီး LG ချစ်သူများ အနှစ်သက်လုံး ဖြစ်လာလိမ့်မယ်လို့ အပြည့်အ၀ ယုံကြည်ထားပါတယ်” ဟု LG မိုဘိုင်းနှင့် အီလက်ထရောနစ် အကြီးအကဲ Dr.Jong-Seok Park မှ ပြောကြားလိုက်သည်။

ယခု စမတ်နာရီနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များ၊ ဈေးနှုန်းများ၊ ရရှိနိုင်မှု အခြေအနေများကိုမူ မကြာမီအတွင်း ထပ်မံဖော်ပြ ပေးသွားပါမည်။

Ref: LG Myanmar

0 comments:

Post a Comment