Powered by Blog - Widget

Monday, March 24, 2014

ဥရောပထုတ် Creoir Ibis စမတ်နာရီ



Aung Ko Htet (MM IT Knowledge)
 
ဥရောပတိုက်က ဖင်လန်နိုင်ငံ အခြေဆိုက် Creoir က ထုတ်တဲ့ စမတ်နာရီ ဖြစ်ပြီး Creoir Ibis လို့ အမည်ပေးထား ပါတယ်။

Bluetooth, Wi Fi ပါဝင်ပြီး iOS, Android OS ၂ မျိုးစလုံးနဲ့ တွဲသုံးလို့ရမယ့် နာရီ ဖြစ်ပါတယ်။ OLED မျက်နှာပြင် အသုံးပြုထားတာကြောင့် ရုပ်ထွက်လည်း ကြည်ပါတယ်။ သူ အဓိက ရည်ရွယ်ထားတာက ဒီဇိုင်းလှတာ ကို ကြိုက်နှစ်သက်သူ များအတွက် ရည်ရွယ်ဖန်တီးထားတဲ့ စမတ်နာရီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ဝယ်ယူ ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ သူ့ကို လက်တလောမှာ ကမ္ဘာ့ အလှဆုံး စမတ်နာရီလို့ အသိအမှတ် ပြုထား ကြ ပါတယ်။
.
Ref: pocketlint
Aung Kham (www.smart.com.mm)

0 comments:

Post a Comment