Powered by Blog - Widget

Thursday, March 20, 2014

ဒို့မြန်မာ မြန်မာ့လူမှုကွန်ယက် ကို Sign Up ပြုလုပ်ရုံဖြင့် Samsung Galaxy Grand ဖုန်း ကံစမ်းနိုင်မည့်အခွင့်အရေး ရရှိမည်။



Aung Ko Htet (MM IT Knowledge)
 
ဒို့မြန်မာ မြန်မာ့လူမှုကွန်ယက် အနေဖြင့် ၄င်း Application ကို မတ်လ (၂၂) နေ့မှ (၂၃) ရက်နေ့အထိ ၊ ရန်ကုန်မြို့ ၊ တပ်မတော်ခန်းမ တွင် ပြုလုပ်ကျင်းပမည့် Yangon ICT Fair (Computer & Mobile) တွင် ၀င်ရောက်ပြသသွားမည် ဖြစ်ပြီး အထူးအစီအစဉ်အနေဖြင့် ပြပွဲလာ ပြည်သူများ အတွက် ဒို့မြန်မာ လူမှုကွန်ယက် ဧ။် ပြခန်းသို့ လာရောက်ကြည့်ရှု သူများ အနေဖြင့် Samsung Galaxy Grand ဖုန်းတစ်လုံးကံထူးနိုင်မည့် စိတ်ဝင်စားစရာကောင်းပြီး ပျော်ရွှင်ဖွယ် ဖြစ်စေမည့် ကံစမ်းမဲ အစီအစဉ် ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာလူမျိုးများ အားလုံးအတွက် ရည်ရွယ်၍ တည်ထောင် လွှင့်တင်ထားသော ဒို့မြန်မာ လူမှု ကွန်ယက် မှ မိုဘိုင်းဖုန်းများ တွင် အသုံးပြုနိုင်သော DoeMyanmar Mobile Application ကို ထုတ်လုပ်ထားပြီး ၄င်း Application ကို iOS နှင့် Android ဖုန်း နှစ်မျိုးလုံးအတွက် ထုတ်လုပ်ထားခြင်း ဖြစ်သည်။

ဒို့မြန်မာ မြန်မာ့လူမှုကွန်ယက် တွင် Facebook ကို အသုံးပြုသကဲ့ သို့ User အချင်းချင်း ဆက်သွယ်ပြောဆိုမှုများ နှင့် အကျွမ်းတ၀င်ဖြစ်မှု အခြေအနေများ ကို တည်ဆောက်နိုင်မည် ဖြစ်ကာ မိမိတို့ ဧ။် လူမှုဆက်ဆံရေး နယ်ပယ်ချဲ့ထွင်ခြင်းများ အပြင် မိမိတို့ စိတ်ဝင်စားသည့် သတင်းအချက်အလက်များကို မျှဝေနိုင်ခြင်း ၊ Blog Post များ ဖန်တီးနိုင်ခြင်း ၊ Update ဖြစ်သည့် နောက်ဆုံးရ သတင်း Link များ ကို စုစည်းချိတ်ဆက်ထားခြင်းကြောင့် နောက်ဆုံးရသတင်းများကို ဖတ်ရှုလေ့လာနိုင်ခြင်း ၊ MP3 တေးသီချင်းများ ကို Upload နှင့် Share ပြုလုပ်နိုင်ခြင်း၊ အခြားသူများ Share ထားသော MP3 တေးသီချင်းများကို Downloads မပြုလုပ်ဘဲ နားဆင်နိုင်ခြင်း ၊ Video Channel တွင်လည်း Youtube Video File များ ကို Link Sharing ပြုလုပ်နိုင်ခြင်း နှင့် အခြားသူများ Share ထားသည့် Youtube Video များကိုလည်း ဒို့မြန်မာလူမှုကွန်ယက်အတွင်းမှာပင် အလွယ်တကူ ကြည့်ရှုနိုင်ခြင်း တို့ကို ပြုလုပ်နိုင်မည် ဖြစ်ကာ Market Palace Market တွင်လည်း မိမိတို့ဧ။် အရောင်းအ၀ယ်လုပ်ငန်း ဆောင်ရွက်မှုများ ကို ပြုလုပ်နိုင်မည့် အပြင် မိမိတို့ဧ။် လုပ်ငန်းနာမည် ၊ အဖွဲ့အစည်း ၊ အသင်းအဖွဲ့ တို့အတွက် Page တစ်ခု တည်ဆောက်ကာ ကြော်ငြာခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ဒို့မြန်မာသည် မြန်မာနိုင်ငံ အတွင်းရှိ မြန်မာများ၊ ကမ္ဘာအရပ်ရပ်ရှိ မြန်မာများအားလုံး မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ၊ မည်သည့်နိုင်ငံတွင် နေထိုင်သည်ဖြစ်စေ၊ မည်သည့် တိုင်းရင်းသား နိုင်ငံသားဖြစ်စေ၊ မြန်မာစာကိုရေးတတ် ဖတ်တတ်ပြီး မြန်မာနိုင်ငံကို ချစ်မြတ်နိုးသော မြန်မာများအားလုံး တစ်နေရာတည်း တွင် တစ်စုတစ်စည်းတည်း စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်ဖြင့် ရင်းနှီးခင်မင်စွာ ဆက်သွယ်ပြောဆိုနိုင်ရန် ဖွဲ့စည်း တည်ထောင် ထားသော နိုင်ငံတကာအဆင့်မီ မြန်မာ့လူမှုကွန်ယက် တစ်ခု ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက ဖုန်း ၀၁ - ၂၃၀၁၄၈၅ , ၀၉၄၂၁၀၉၃၆၆၅ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။


ref: Internet Journal

0 comments:

Post a Comment