Powered by Blog - Widget

Monday, March 24, 2014

Program အားလုံး ကို လျှင်မြန်စွာ ပိတ်ပေးမယ့် CloseAll



Aung Ko Htet (MM IT Knowledge)

သင့်ကွန်ပြူတာကို အသုံးပြုပြီးလို့ ပိတ်တော့မယ်ဆိုရင် run နေတဲ့ applications တွေအားလုံးကို တစ်ခု ချင်းစီလိုက်ပိတ်ရတာ အလုပ်ရှုပ်ပါတယ်။အဲဒီအစား click နှစ်ချက်နှိပ်ရုံ ဒါမှမဟုတ် shortcut key နှစ်ချက်နှိပ်ရုံ နဲ့ run နေတဲ့ applications တွေအားလုံးကို ပိတ်ပေးနိုင်တဲ့ CloseAll ဆို တဲ့ application ကို သုံးကြည့်ပါ။ Windows XP, Windows Vista, Windows 7 and Windows 8 စတဲ့ OS တွေမှာ အသုံးပြုနိုင်ပါတယ်။

CloseAll ကို ဒေါင်းပြီးရင် အင်စတော လုပ်ပေးရပါမယ်။ CloseAll ကို run ရင် အသုံးပြုနေတဲ့ programs တွေ ကို မြင်တွေ့ရမှာဖြစ်ပြီး အားလုံး ကို select လုပ်ထားပြီးသား ဖြစ်နေပါပြီ။ Ok ခလုတ် ကို တစ်ချက်နှိပ်တာနဲ့ programs အားလုံး ကို ပိတ်ပေးမှာဖြစ်ပါတယ်။ မပိတ်ချင်တဲ့ program တွေရဲ့ checkbox မှာ အမှန်ခြစ်ဖြုတ်ပေးနိုင်ပါတယ်။ တစ်ခုချင်းစီလိုက်ပိတ်ရတာထက် ပိုမိုလွယ်ကူမြန်ဆန်ပါတယ်။

CloseAll ကို အလွယ်တကူ အသုံးပြုနိုင်ဖို့ taskbar မှာ pin လုပ်ထားနိုင်ပါတယ်။

CloseAll အတွက် shortcut key ကို အသုံးပြုချင်ရင်တော့ properties ထဲက shortcut key မှာ သင်ကြိုက်နှစ်သက်ရာ key အသုံးပြုနိုင်ပါတယ်။

CloseAll ကို အောက်က လင့် မှာ အခမဲ့ ရယူနိုင်ပါတယ်။

http://www.ntwind.com/software/utilities/close-all.html


ref: Myanmar Digital Life

0 comments:

Post a Comment