Powered by Blog - Widget

Saturday, March 22, 2014

Volvo က Cloud ကားများ ကို စမ်းသပ်နေ



Aung Ko Htet (MM IT Knowledge)

ဆွီဒင် ကားထုတ်လုပ်သူ Volvo က ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ကားတစ်စီး နှင့် တစ်စီး သတင်းအချက်အလက်များ ပေးပို့ရယူနိုင်သည့် နည်းစနစ် ကို စမ်းသပ်နေပါသည်။ Cloud အခြေပြုကားများ ဖြစ်ပြီး လမ်းပေါ်တွင် ကားများ မောင်းနှင်သည့် နည်းလမ်း ကို ဆန်းသစ်ပြောင်းလဲမည်ဖြစ်သည်

Volvo က Cloud ကားအစီးရေ ငါးဆယ် ကို စမ်းသပ်နေပြီး ကားတစ်စီးနှင့် တစ်စီး ဆက်သွယ်ရန် Mobile Network များ ကို အသုံးပြုထားပါသည်။ ကားတစ်စီး က ရေခဲများဖုံးလွှမ်းနေသည့် နေရာ ကို ဖြတ်သန်းသွားသည်နှင့် အဆိုပါ နေရာ ကို အန္တရာယ် ရှိသော နေရာ အဖြစ် သတ်မှတ်မည်ဖြစ်ပြီး Cloud တွင် မှတ်တမ်းတင်မည်ဖြစ်သည်။ အခြားကားများ အဆိုပါ နေရာ သို့ ရောက်ရှိလျှင် Cloud က သတိပေးမည်ဖြစ်သည်။ Volvo ၏ ကား ကွန်ယက် နှင့် ချိတ်ဆက်နေသည့် အခြားကားများ ကို သတိပေးနိုင်သကဲ့သို့ လမ်းပြုပြင်ထိန်းသိမ်းရေး အဖွဲ့များ ကိုလည်း သတင်းပေးမည်ဖြစ်သည်။

“ အခုလက်ရှိမှာ ကား အစီးရေ ငါးဆယ် နဲ့ လမ်းမများပေါ်မှာ စမ်းသပ်နေပြီး လာမယ့် ဆောင်းရာသီမှာ ပိုမိုတိုးချဲ့စမ်းသပ်သွားပါမယ်။ ကျွန်တော်တို့ ရည်ရွယ်ချက် က လာမယ့် နှစ် အနည်းငယ်အတွင်းမှာ ဖောက်သည်တွေကို အဲဒီ နည်းပညာ ကို အသုံးပြုနိုင်စေဖို့ ဖြစ်ပါတယ်။ လမ်းပြုပြင်ထိန်းသိမ်းရေး အာဏာပိုင်တွေက ကားတွေ က သတင်းအချက်အလက်များ ကို ရရှိတဲ့အတွက် ဆောင်းတွင်းကာလ လမ်းပြုပြင်ထိန်းသိမ်းမှုများ ကို ပိုမို ထိရောက်စွာ ပြုလုပ်နိုင်မှာပါ။ ယာဉ်မောင်းသူ အားလုံး ကို ဘေးအန္တရာယ် ကင်းအောင် သတင်းအချက်အလက်တွေ က ကူညီနိုင်ပါတယ်။ “ ဟု Volvo မှ စီမံကိန်း ခေါင်းဆောင် ဖြစ်သူ Erik Israelsson က ပြောပါသည်။

လူမောင်းနှင်ရန် မလိုအပ်သည့် အလိုအလျှောက်ကားများ ကို ကားထုတ်လုပ်သူများ က တီထွင်နေကြပြီး Volvo ၏ နည်းပညာ ကို အလိုအလျှောက်မောင်းနှင် သည့် ကားများတွင် ထည့်သွင်းနိုင်လျှင် ဘေးအန္တရာယ် ကင်းရှင်းမည် ဟု ကျွမ်းကျင်သူများ က သုံးသပ်ပါသည်။


ref: Myanmar Digital Life

0 comments:

Post a Comment