Powered by Blog - Widget

Saturday, March 22, 2014

ကန်ဒေါ်လာ ၁သောင်းတန် မိကျောင်းတံဆိပ် သားရေနဲ့ အိုင်ဖုန်း ကာဗာ



Aung Ko Htet (MM IT Knowledge)
 
Gresso အမှတ်တံဆိပ် ရုရှားထုတ် ဇိမ်ခံ စမတ်ဖုန်းနဲ့ အပိုပစ္စည်းများက ဒီမှာ လူသိနည်းပေမယ့် ကမ္ဘာ့ လူချမ်းသာ နိုင်ငံတွေမှာ အင်မတန် ရေပန်းစား ပါတယ်။ မတ်လ ၂၀ ရက်နေ့မှာတင် စတင် ရောင်းချလိုက်တဲ့ ပစ္စည်း သစ်က iPhone 5 နဲ့ 5S ကာဗာ ဖြစ်ပါတယ်။

18K အရည်အသွေး ရှိ ရွှေဖြင့်လုပ် မိကျောင်းအမှတ်တံဆိပ် ပါဝင်ပြီး သားရေတု အကောင်းစားနဲ့ လုပ်တဲ့ ကာဗာကို အသုံးပြုထား ပါတယ်။ ပြီးတော့ တိုက်တေနီယမ်၊ ငွေ တို့လည်း ပါဝင်ပေါင်းစပ် ထားပါ သေးတယ်။ ကာဗာ ကို သေချာ ပြုပြင်မွမ်းမံပြီး တစ်ခု ရဖို့ အတွက် ၈ နာရီ ကြာပါတယ်။ ဒါကြောင့်မို့ အရေအတွက် များများ ဝယ်ချင်တောင် ဝယ်လို့ မရလောက်အောင် အရေအတွက် နည်းပါတယ်။ ဒီဇိုငးလှအောင် လုပ်ထားရုံတင် မဟုတ်ပဲ အကြမ်းခံ အရည်အသွေး အာမခံချက် အပြည့် ရှိတဲ့ ပစ္စည်း ဖြစ်ကြောင်း ဆိုပါတယ်။ ဘေးနဲ့ အောက်အနား အားလုံးကို လုံခြုံ စေပါတယ်။

ဈေးနှုန်းက အမေရိကန်ဒေါ်လာ တစ်ထောင် ကနေ တစ်သောင်းကြား အစားစား ရှိပြီး ဈေးအကြီးဆုံး ကတော့ တစ်သောင်းတန် ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (www.smart.com.mm)
 

0 comments:

Post a Comment