Powered by Blog - Widget

Thursday, March 20, 2014

HP (Hewlett - Packard) နှင့် InyaLand Co., Ltd. တို့ပူးပေါင်းပြီး InyaLand HP Technology Day ပွဲကျင်းပမည်


Aung Ko Htet (MM IT Knowledge)
 
မြန်မာပြည်တွင်းဈေးကွက်၏ IT Infrastructure နည်းပညာဝန်ဆောင်မှုများ အချိန်နှင့်တပြေးညီ တိုးတက်လာခြင်းနှင့်အတူ ကမ္ဘာ့နာမည်ကြီးကုမ္ပဏီတစ်ခု ဖြစ် သော HP Brand အနေဖြင့် Hardware Equipment နှင့် Software များအား စီးပွားရေးဝန်ဆောင်မှု များမှတဆင် ၊့သုံးစွဲသူများထံသို့ အပြည့်အ၀ ပေးစွမ်းနိုင်စေရန် မြန်မာပြည်တရားဝင်ဖြန့်ချိ ရေးကိုယ်စားလှယ်ဖြစ်သော InyaLand Co., Ltd. နှင့်ပူးပေါင်း၍ InyaLand HP Technology Day ကို မတ်လ၊၂၅ရက်၊၂၀၁၄ ခုနှစ် မနက် ၉ နာရီတွင်ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Sedona Hotel ၌ ကျင်းပ ပြုလုပ်မည်ဟုသိရသည်။ အဆိုပါပွဲတွင် InyaLand နှင့် HP Experts များမှ HP ၏ Data Center, Server,Storage, Networking, Cloud System,Virtualization, Solution စသည့်တို့ကို ရှင်းလင်းပြသသွားမည် ဖြစ်ပြီး InyaLand Partner များ၊ Company နှင့် Organization များတွင် ICT ကိုဦးဆောင် နေသောသူများ၊ SI Team များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။

Inyaland Co.,Ltd. သည် ICT နယ်ပယ်တွင်ဦးဆောင်နေသော ကုမ္ပဏီများထဲမှတစ်ခုဖြစ်ပြီး HP Brand သာမက Ubiquiti, Polycom, Grandstream စသည့် Brand များကို လည်းတင်သွင်း ဖြန့်ချိနေ သည့် အပြင် ၌ Healthcare နှင့် Banking ဆိုင် ရာ Solution များကို လည်း ရောင်းချကြောင်း သိရသည်။ ထို့အပြင် HP Technology Day @ Nay Pyi Taw ကိုမတ်လ၊၂၆ရက်နေ့တွင် နေပြည်တော်ရှိ အမရာဟိုတယ်၌ ဆက်လက်ကျင်းပ သွားမည် ဟုလည်းသိရသည်။အဆိုပါပွဲကို တက်ရောက်လို သူများအနေဖြင့် Online မှတဆင့် http://goo.gl/EF3nhe တွင် Register ပြုလုပ်နိုင်ပါသည်။


Ref: Tech space Journal

0 comments:

Post a Comment