Powered by Blog - Widget

Tuesday, March 18, 2014

Facebook မှာ နှစ်သက်ရာ Post တွေကို သိမ်းထားမယ်



Aung Ko Htet (MM IT Knowledge)
 
Facebook က စွမ်းဆောင်ချက် အသစ်များ ကို အမြဲဖြည့်ဆည်းပေးလေ့ရှိပါတယ်။ ဒါပေမယ့် Facebook မှာလိုအပ်နေတဲ့ အရာတွေများစွာ ရှိနေပါသေးတယ်။ အဲဒီအခြေအနေမှာ Third-Party Tool, App, Browser Extension တွေကို အသုံးပြုနိုင်ပါတယ်။ Facebook မှာ လိုအပ်နေတဲ့ စွမ်းဆောင်ချက် တစ်ခု က နှစ်သက်ရာ Post တွေကို သိမ်းထားလို့ မရတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Facebook မှာ Post တစ်ခု ကို ဖတ်ချင်ပေမယ့် အချိန်မရတော့တဲ့ အခြေအနေမျိုးမှာ နောက်မှ ဖတ်ဖို့ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက် မပါရှိပါဘူး။

Extension ကို အင်စတော လုပ်ပြီးရင် Facebook ကို Refresh လုပ်ပေးပါ။ Post တစ်ခုရဲ့အောက်က Like, Comment, Share ရဲ့ ဘေးမှာ Favorite ဆိုတာ ကို တွေ့ရမှာဖြစ်ပါတယ်။ နှစ်သက်တဲ့ Post ဒါမှမဟုတ် နောက်မှ ဖတ်ဖို့ သိမ်းထားချင်တဲ့ Post ကို တွေ့ရင် Favorite ကို နှိပ်ပြီး သိမ်းထားနိုင်ပါတယ်။

သိမ်းထားတဲ့ Post တွေကို ကြည့်ဖို့အတွက် Browser က Facebook Favorite အိုင်ကွန်ကို နှိပ်ပါ။ List or Feed စတဲ့ View တွေနဲ့ ကြည့်နိုင်ပါတယ်။

List View မှာ Search Box ပါရှိတဲ့အတွက် Post တွေကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ထို့အပြင် ဖတ်ပြီးတဲ့ Post တွေကို ဖျက်ပစ်နိုင်ပါတယ်။ Feed View က ကဒ် ပုံစံ နဲ့ ပြပေးမှာဖြစ်ပါတယ်။ သိမ်းထားတဲ့ Post တွေအားလုံး ကို ဖျက်ချင်ရင် Facebook Favorite အိုင်ကွန် ကို နှိပ်ပြီး Clear Cache ကို နှိပ်ပေးရမှာဖြစ်ပါတယ်။

Facebook Favorite ကို Chrome မှာ အသုံးပြုနိုင်ပြီး အောက်က လင့် မှာ ရယူနိုင်ပါတယ်။

https://chrome.google.com/webstore/detail/facebook-favorite/cklcfohlddckjakiohbpjbcfhbfboopl/related


Ref: Myanmar Digital Life Journal

0 comments:

Post a Comment