Powered by Blog - Widget

Thursday, March 20, 2014

Oppo က O-Band စမတ်လက်ပတ် ကို ထုတ်ဖော်ပြသ



Aung Ko Htet (MM IT Knowledge)

တရုတ် နည်းပညာ Company တစ်ခုဖြစ်တဲ့ Oppo က လည်း Wearable Computer လောကထဲကို ခြေချလာပါပြီ။ O-Band စမတ်လက်ပတ် ဖြစ်ပြီး လမ်းလျှောက်တဲ့ ခြေလှမ်းတွေကို တိုင်းတာပေးနိုင်တဲ့ Pedometer ပါရှိပါတယ်။ အိပ်စက်မှုအခြေအနေ ကို လည်း တိုင်းတာ ပေးနိုင်ပါတယ်။ ညဘက်အိပ်စက်တဲ့အခါမှာ ၀တ်ဆင်ထားရင် Alarm Clock အနေနဲ့ အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။

Oppo N1 Smartphone မှာ ပါတဲ့ O-Click လိုပဲ O-Band မှာ Phone Locator ပါရှိပါတယ်။ စမတ်ဖုန်း ကင်မရာ ကနေ ဓာတ်ပုံ ရိုက်ဖို့ စမတ်လက်ပတ် က ခိုင်းစေနိုင်ပါတယ်။

Oppo က ကိုယ်လက်လှုပ်ရှားမှု နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များ အတွက် 360.cn တရုတ် ၀က်ဆိုက်ကို အသုံးပြုထားတဲ့အတွက် O-Band ကို အခုလောလောဆယ်မှာ တရုတ် မှာ ပဲ အသုံးပြုနိုင်ပါသေးတယ်။ Company က ကမ္ဘာတစ်ဝန်း က Partner တွေကို ရှာဖွေနေပါတယ်။

စမတ်လက်ပတ် ကို တရုတ်ယွမ်ငွေ ကိုးရာ (ဒေါ်လာ ၁၄၅) နဲ့ တရုတ် မှာ ရောင်းချမှာဖြစ်ပါတယ်။ ရောင်းချမယ့်နေ့ကို Oppo က ပြောကြားခြင်းမရှိသေးပါဘူး။

ဒေသတွင်းပြိုင်ဖက်ဖြစ်တဲ့ Huawei ကလည်း စမတ်လက်ပတ် ကို မကြာမီက ပြသခဲ့ပါတယ်။


Ref: Myanmar Digital Life

0 comments:

Post a Comment