Powered by Blog - Widget

Tuesday, March 18, 2014

ချပ်ဝတ်တန်ဆာ ကွန်ပြူတာများ ရဲ့ အကူအညီ နဲ့ ကိုယ်အလေးချိန်လျှော့ချခဲ့သူ



Aung Ko Htet (MM IT Knowledge)
 
အသက် (၄၅) နှစ်အရွယ် Chris Dancy ဟာ ချပ်ဝတ်တန်ဆာ ကွန်ပြူတာများ ရဲ့ အကူအညီ နဲ့ ကိုယ်အလေးချိန်လျှော့ချနိုင်ခဲ့ပါတယ်။ ချပ်ဝတ်တန်ဆာ ကွန်ပြူတာများစွာ ကို ၀တ်ဆင်ထားသူဖြစ်လို့ သူ့ကို The Most Connected Man လို့ ခေါ်ကြပါတယ်။ ချပ်ဝတ်တန်ဆာ ကွန်ပြူတာများ က သူ့ရဲ့ ကိုယ်လက်လှုပ်ရှားမှု ၊ အိပ်စက်မှု တွေကိုတိုင်းတာပေးနိုင်တဲ့အတွက် ကိုယ်အလေးချိန် လျှော့ချနိုင်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့လက်မှာ ကိုယ်လက်လှုပ်ရှားမှု ကို တိုင်းတာပေးနိုင်တဲ့ Fitbit နဲ့ Pebble စမတ်နာရီ အပါအ၀င် ချပ်ဝတ်တန်ဆာကွန်ပြူတာများစွာ ကို ၀တ်ဆင်ထားပါတယ်။ အိမ်မှာဆိုရင် စမတ်ဖုန်း ကနေ ထိန်းချုပ်နိုင်တဲ့ မီးအလင်းပေးမှု စနစ် ကို အသုံးပြုပါတယ်။ အိပ်တဲ့အခါမှာလည်း အိပ်စက်မှု ကို တိုင်းတာပေးနိုင်တဲ့ Beddit Mattress Cover ကို အသုံးပြုပါတယ်။

သူ့ရဲ့ ခွေးတွေမှာ နေ့စဉ် လှုပ်ရှားမှု ကို တိုင်းတာပေးနိုင်တဲ့ Tagg ကို ၀တ်ဆင်ပေးထားပါတယ်။

“ ကျွန်တော့် ဆရာဝန် က ကျွန်တော့် ကျန်းမာရေး နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကောင်းမွန်စွာ မှတ်တမ်းတင်နိုင်ခြင်းမရှိတာ ကို သိခဲ့ ရတဲ့ လွန်ခဲ့တဲ့ ငါးနှစ် ကတည်းက ချပ်ဝတ်တန်ဆာ ကွန်ပြူတာတွေကို ၀တ်ဆင်ခဲ့တာဖြစ်ပါတယ်။ “ လို့ Dancy က ပြောပါတယ်။

Dancy က နည်းပညာ လိုက်စားသူတစ်ယောက်ဖြစ်ပြီး ချပ်ဝတ်တန်ဆာ ကွန်ပြူတာ တွေကို အသုံးပြုခြင်းဟာ သူ့ရဲ့ လူနေမှု ပုံစံ ကို အကောင်းဆုံး ဖြစ်စေခဲ့ပါတယ်။ သူဟာ တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ပေါင် တစ်ရာ လျှော့ချနိုင်ခဲ့ပါတယ်။

သူ့ရဲ့ အကြိုက်ဆုံး ချပ်ဝတ်တန်ဆာ ကွန်ပြူတာ တွေ က Body Media Fitness Tracker နဲ့ Pebble စမတ်နာရီ တို့ ဖြစ်ပါတယ်။ ကိုယ်ရေးလက်ထောက် Google Now နဲ့ Google Glass တို့ကိုလည်း နှစ်သက်ပါတယ်။


ref: Myanmar Digital Life Journal

0 comments:

Post a Comment