Powered by Blog - Widget

Saturday, March 29, 2014

Apps များ Crash ဖြစ်မှုများသည့် Android နဲ့ iOS Version များ ကို စစ်တမ်း က ဖော်ပြ



Aung Ko Htet (MM IT Knowledge)
 
မည်သည့် Android နဲ့ iOS Version များတွင် Apps များ Crash ဖြစ်မှုများသည် ဆိုသည်ကို Crittercism က စစ်တမ်းကောက်ယူခဲ့ပါတယ်။ စစ်တမ်းအရ KitKat နဲ့ iOS 7.1 တို့ကဲ့သို့ Version အသစ်များတွင် Apps များ Crash ဖြစ်မှု လွန်စွာနည်းပါးပါတယ်။ Gingerbread နဲ့ iOS 6 ကို အသုံးပြုသူများအနေနဲ့ Apps များ Crash ဖြစ်မှုများပြားသည် ကို တွေ့ကြုံရမှာ ဖြစ်ပါတယ်။ Galaxy S4 နဲ့ iPhone 5 တို့ဟာ အလွန်တည်ငြိမ်မှု ရှိပြီး Apps များ Crash ဖြစ်မှု အနည်းဆုံး ဖြစ်တယ်လို့ စစ်တမ်း က ဆိုပါတယ်။ တက်ဘလက်များမှာတော့ Apps များ Crash ဖြစ်မှုအများဆုံးလို့ သိရပါတယ်။

Version အဟောင်းများမှာ Error များပြားတဲ့အတွက် Google နဲ့ Apple တို့က ပြုပြင်ပြီး အဆင့်မြှင့်တင်ပေးနေသည်မှာ နှစ်ပေါင်းကြာမြင့်ပြီ ဖြစ်တဲ့အတွက် စစ်တမ်း ရဲ့ ရလဒ်များ ဟာ မှန်ကန်နိုင်တယ်လို့ ကျွမ်းကျင်သူများ က သုံးသပ်ပါတယ်။ Apps များ Crash ဖြစ်မှု ဟု ဆိုရာတွင် Third-Party Apps များ ကိုသာ စမ်းသပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဖုန်းတွင် Pre-Installed လုပ်ထားသည့် Apps များကို စစ်တမ်းကောက်ယူခဲ့ခြင်းမဟုတ် ဟု သိရပါတယ်။ Version အဟောင်းများ ကို အသုံးပြုသူများ သည် Version အသစ်များကို Upgrade ပြုလုပ်သင့်ကြောင်း စစ်တမ်း က အကြံပြုနေပါတယ်။


ref: Myanmar Digital Life

0 comments:

Post a Comment