Powered by Blog - Widget

Tuesday, March 18, 2014

Firefox မှာ Bookmark တွေကို စီမံခန့်ခွဲမယ်



Aung Ko Htet (MM IT Knowledge)
 
Internet အသုံးပြုသူတွေအနေနဲ့ မိမိနှစ်သက်တဲ့ web sites တွေကို မှတ်သားထားကြတဲ့အတွက် အချိန်ကြာလာတာနဲ့ အမျှ bookmarks တွေ များပြားလာပြီး organize လုပ်ဖို့ လိုလာပါတယ်။ဒီဆောင်းပါးမှာ firefox bookmarks တွေကို alphabetically sort လုပ်ပေးနိုင်တဲ့ auto-sort bookmarks နဲ့  duplicate bookmarks တွေကို ရှာပြီးဖျက်ပေးနိုင်တဲ့ bookmark deduplicator ဆို တဲ့ add-on နှစ်ခု အကြောင်းရေးပါမယ်။

Auto-Sort Bookmarks
--------------------------
Auto-Sort Bookmarks ကိုအင်စတောလုပ်ပြီးရင် add-on manager ထဲက auto-sort bookmarks ရဲ့  options ထဲမှာ Autosort မှာ အမှန်ခြစ်နဲ့ တွေ့ မြင်နိုင်ပြီး bookmarks တွေကို alphabetically အလို လို sort လုပ်ပေးမှာပါ။Autosort မလုပ်ချင်ရင် အမှန်ခြစ်ဖြုတ်ပြီး manual လုပ်နိုင်ပါတယ်။Manual လုပ်ဖို့  Add-on bar က auto-sort bookmarks အိုင်ကွန်ကို နှိပ်ရမှာပါ။Sort bookmark bar ကတော့ Bookmark bar က bookmarks တွေကို sort လုပ်ဖို့ မလုပ်ဖို့  ရွေးချယ်နိုင်ပါတယ်။

Sort Order မှာ folder , bookmarks တွေရဲ့  sort order ကို drag and drop လုပ်ပြီး ပြောင်းလဲနိုင်ပါတယ်။

Manual လုပ်တဲ့သူတွေ အတွက် Add-On Bar က Auto-Sort Bookmarks အိုင်ကွန်ကို နှိပ်ပါ။ အိုင်ကွန်ကို ရှာမတွေ့ ရင် Alt နှိပ်ပြီး Menu Bar က View>Toolbar>Customize ထဲဝင်ပြီး အိုင်ကွန်ကို drag and drop လုပ်ပြီး Add-on bar ပေါ်တင်ပါ။

https://addons.mozilla.org/en-US/firefox/addon/auto-sort-bookmarks/

Bookmark Deduplicator
-----------------------------
Bookmard Deduplicator ကို အင်စတောလုပ်ပြီးရင် add-on manager ထဲက Bookmark Deduplicator Options ထဲကိုသွားပြီး Start ကိုနှိပ်ရင် duplicates bookmarks တွေကို ရှာပေးပြီးဖျက်နိုင်ပါတယ်။

https://addons.mozilla.org/en-US/firefox/addon/bookmark-deduplicator/





 

Ref: Myanmar Digital Life Journal

0 comments:

Post a Comment