Powered by Blog - Widget

Wednesday, March 19, 2014

Android Wear စမတ်နာရီကို Google မိတ်ဆက်



Aung Ko Htet (MM IT Knowledge)

HTC, LG, Samsung နှင့် အခြားကုမ္ပဏီ များဖြင့် ပူးပေါင်း ဆောင်ရွက်ထားသည့် Android Wear ဟုခေါ်သော စမတ်နာရီကို Google က မိတ်ဆက်ပေးခဲ့သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်က Google သည် blog post တွင် ၎င်း၏ မိုဘိုင်း Android operating system ၏ ပြုပြင်မွမ်းမံထားသော ဗားရှင်း အကြောင်းအရာ အသေးစိတ်ကို ဖော်ပြသွားခဲ့သည်။ ၎င်း OS သည် Google Now voice recognition နည်းပညာကို အဓိက အခြေခံ၍ ပြုလုပ်သွားမည် ဖြစ်ပြီး ဝတ်ဆင်နိုင်သည့် ထုတ်ကုန်များတွင် အသုံးပြုရန် စီစဉ်ထားသလို ကနဦး စမတ်နာရီများတွင်လည်း အသုံးပြုထားသည်။

Google သည် Android Wear ကို ပြုလုပ်ရန်အတွက် LG, Asus, HTC, Motorola နှင့် Samsung တို့ကို hardware partner များအဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး Broadcom, Imagination, Intel, MediaTek နှင့် Qualcomm တို့ကိုလည်း chip partner များအဖြစ် လက်တွဲဆောင်ရွက်ခဲ့သည်။ ထို့အပြင် Fossil Group ကလည်း ယခုနှစ်ကုန် ပိုင်းအတွင်း Android Wear အသုံးပြုထားသော နာရီများကို ထုတ်လုပ်သွားမည်ဟု ပြောကြားထားသည်။

Ref: CNET

0 comments:

Post a Comment