Powered by Blog - Widget

Monday, March 24, 2014

ဈေးနှုန်းသက်သာသော တန်ဖိုးနည်း Touch Screen ဟန်းဆက်များ ဈေးကွက်ဝင်ရောက်လာ



Aung Ko Htet (MM IT Knowledge)

ကျပ် ၁၅၀၀ လိုင်းကတ် အသုံးပြုသူများအတွက် ဈေးနှုန်းသက်သာကာ လိုင်းဆွဲအား ကောင်းမွန်သည့်အပြင် အင်တာနက် အသုံးပြုရန်အတွက်ပါ အဆင်ပြေနိုင်မည်ဖြစ်သော တန်ဖိုးနည်း Touch Screen ဟန်းဆက်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာကြောင်း သိရသည်။



အဆိုပါ ဟန်းဆက်များမှာ ဈေးနှုန်းအားဖြင့် ကျပ် ၄၀,၀၀၀ နဲ့ ၆၀,၀၀၀ ဝန်းကျင်အတွင်းတွင်သာ ရှိမည်ဖြစ်ပြီး Android OS စနစ်သုံးဟန်းဆက်များ ဖြစ်သည့်အပြင် CDMA 800 MHz စနစ်သုံး Touch ဟန်းဆက်၊ GSM စနစ်သုံး Touch ဟန်းဆက်၊ CDCMA 800 MHz စနစ်နှင့် GSM စနစ်နှစ်မျိုးစလုံးအား တွဲဖက်အသုံးပြုနိုင်မည် ဖြစ်သော Dual Sim Touch Screen ဟန်းဆက်များ စသည်ဖြင့် အမျိုးအစားစုံလင်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။



၎င်းဟန်းဆက်များမှာ Hualu, ZHAN, BenWee, OKAY, KINGSUN, EPHONE, Ctyon, YUWIN, htt အစရှိသော ဟန်းဆက်အမျိုးအစားများ ဖြစ်ပြီး CDMA 800MHz စနစ်အား အသုံးပြုရာတွင် ယခင်ထွက်ရှိခဲ့သော ကျပ်ငါးသိန်းတန် ၀၉၇၃ နံပါတ် CDMA 800MHz လိုင်းကတ်များ နှင့် ကျပ် ၁,၅၀၀ တန် MEC CDMA 800 MHz မည်သည့် လိုင်းကတ်များကိုမဆို ထည့်သွင်းအသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။



၄၅၀ မိုဘိုင်းဖုန်း အရောင်းဆိုင်ဖုန်း ၀၉-၇၃၃၃၄၄၃၃ တွင် ဆက်သွယ်စုံစမ်း နိုင်မည်ဖြစ်သည်။

ref : Internet Journal

0 comments:

Post a Comment