Powered by Blog - Widget

Saturday, March 22, 2014

Samsung Galaxy S5 Neo နှင့် Mini ထွက်မည်



Aung Ko Htet (MM IT Knowledge)


Samsung Galaxy S3 နဲ့ S4 တုန်းက မီနီ ထွက်ရှိသလို S5 မှာလည်း မီနီ ထွက်ရှိမှာ ဖြစ်ကြောင်း သိရ ပါတယ်။ ဒါ့အပြင် Samsung Galaxy S5 Neo ဆိုပြီးတော့လည်း ထွက်ရှိအုံးမှာ ဖြစ်ပါတယ်။

Neo ရဲ့ ရည်ရွယ်ချက်က အရင် ဂျနေရင်းရှင်းထက်လည်း မြင့်တယ်။ ထွက်ရှိထားတဲ့ ဟာလောက်လည်း မကောင်းဘူး ဆိုတဲ့ အလယ်အလတ် ကြားမှာ ရှိတဲ့ အရည်အသွေးနဲ့ ပုံသဏ္ဍန် အရွယ်တူ ဖုန်း ဖြစ်ပြီး Samsung Galaxy Note 3 တုန်းက Neo ကို မိတ်ဆက်ခဲ့ ပါတယ်။ ဒီတစ်ခါ မှာတော့ Samsung Galaxy S5 ကို Neo ဗားရှင်း ထွက်ရှိမှာ ဖြစ်ပါတယ်။ အရွယ်အစား လည်း ပြောင်းလဲမှာ မဟုတ် ပါဘူး။ Samsung Galaxy S4 ထက် သာသလို၊ S5 ကို မမှီတဲ့ ကြားထဲက အရည်အသွေးနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

နောက်တစ်လုံး ကတော့ Samsung Galaxy S4 Mini ဖြစ်ပြီး အရွယ်အစား သေးတဲ့ စမတ်ဖုန်း ဖြစ်သွားမှာ ဖြစ်ပါတယ်။ အရွယ်သေးပြီး အရည်အသွေးကို အနည်းငယ်ပဲ ချထားတာကြောင့် S4 ထက်လည်း သာအုံး မှာပါ။ Samsung Galaxy S4 Mini ထက်လည်း ပိုမိုတဲ့ အရည်အသွေးများ ပါဝင်ပြီး အဓိက အားဖြင့် ပိုကောင်းတဲ့ မျက်နှာပြင်နဲ့ ကင်မရာကို မြင်ရမှာ ဖြစ်ကြောင်း ဆိုပါတယ်။

ယင်း နှစ်လုံး စလုံးရဲ့ ဈေးဟာ သိပ်ကွာကြာမှာ မဟုတ်ပဲ အမေရိကန်ဒေါ်လာ ၄၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ ခန့်မှန်း ထားကြကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (www.smart.com.mm)
 

0 comments:

Post a Comment