Powered by Blog - Widget

Tuesday, March 18, 2014

Social Media တွေကြောင့် အားငယ်နေရသလား?



Aung Ko Htet (MM IT Knowledge)

Social Media တွေကြောင့် သူငယ်ချင်းတွေ ၊ မိသားစု တွေ အဆက်အသွယ်ရကြသလို မိတ်ဆွေသစ်တွေ တိုးပွားလာတဲ့ ကောင်းမွန်တဲ့အချက်များစွာ ရှိပါတယ်။ ဒါပေမယ့် Social Media တွေကြောင့် စိတ်အားငယ်ရတဲ့ အခြေအနေတွေလည်း ကြုံတွေ့နေရပါတယ်။ အဲဒီလို Social Media တွေကြောင့် အားငယ်နေရရင် အခြား သူတွေကို မိမိနဲ့ နှိုင်းယှဉ်နေတာ ကို ရပ်တန့်ဖို့ California State University မှ စိတ်ပညာရှင် Ramani Durvasula က အကြံပေးထားပါတယ်။ လူတွေက သူတို့ ဘ၀ရဲ့အကောင်းဆုံး အစိတ်အပိုင်းတွေကိုပဲ Facebook , Twitter တို့မှာ Post တင်ကြတာဖြစ်ပါတယ်။ အိမ်အသစ် ၊ ဈေးကြီးတဲ့ ညစာစားပွဲ ၊ စိတ်လှုပ်ရှားစရာ အလည်အပတ် ခရီး စတာတွေကို Share လုပ်လေ့ရှိပါတယ်။ ဒီသဘောတရား ကို နားလည်ထားရင် Social Media တွေကြောင့် စိတ်အားငယ်စရာ မလိုတော့ပါဘူး။

Facebook ကို mylifeisbetterthanyourlife.com လို့ အမည်ပြောင်းသင့်ကြောင်း ရွှတ်နောက်တဲ့လူတစ်ယောက် က မှတ်ချက်ပေးထားပါတယ်။


ref: Myanmar Digital Life Journal

0 comments:

Post a Comment