Powered by Blog - Widget

Saturday, March 22, 2014

iPhone 6 မျက်နှာပြင်ကျယ် နှင့် သတင်း အသေးစိတ်



Aung Ko Htet (MM IT Knowledge)
 
iPhone 5S နဲ့ 5C တောင်ထွက်တာ မကြာသေးဘူး။ iPhone 6 နဲ့ ပက်သက် တဲ့ သတင်းတွေက ထွက်ရှိလာတာလည်း ၃ လ ကျောက်လောက် ရှိပါပြီ။ Apple က ယခုရက်ပိုင်း အတွင်းတင်ပဲ ၎င်းတို့ရဲ့  အသစ်ထုတ်လုပ်မယ့် ဖုန်း အတွက် မူပိုင်ခွင့် တင်လိုက်တဲ့ သတင်းကြောင့် iPhone 6 ဘယ်လိုဖြစ်လာ မယ်ဆိုတာ ပညာရှင်များက ခန့်မှန်းခြင်း ဖြစ်ပါတယ်။

အဓိက ကတော့ မျက်နှာပြင် ပိုကျယ်လာခြင်း ဖြစ်ပါတယ်။ အနည်းဆုံး ၄.၈ လက်မ ကနေ ၆ လက်မ ကြားအထိ ကျယ်လာနိုင်ပြီး Retina+IGZO အမျိုးအစား အရည်အသွေးကောင်း မျက်နှာပြင်ကို အသုံးပြုပြီး ကမ္ဘာ့ အကြည်လင်အပြတ်သားဆုံး စမတ်ဖုန်း မျက်နှာပြင်အဖြစ် စံချိန်တင်အုံးမှာ လို့ ဆိုပါတယ်။ Chip အမျိုးအစားက A7 ထက်တစ်ဆင့်မြင့် တဲ့ A7X 64 Bit architechture, ကင်မရာက 13 Megapixel (1.5u pixels f/2.2 aperture တို့ပါဝင်ပြီး မထုတ်ရသေးတဲ့ iOS ဗားရှင်း အသစ်နဲ့ မြင်တွေ့ ရမယ်လို့ ဆိုပါတယ်။

Samsung နဲ့ LG တို့က ကွေးကောက်မျက်နှာပြင် ထုတ်လုပ်မှုနဲ့အတူ Apple ကလည်း လိုက်လံ စမ်းသပ် နေပေမယ့် iPhone 6 မှာ လက်တွေ့ အသုံးချ ရန် ရှိမရှိ ကတော့ ဘယ်သူမှ မပြောနိုင် သေးပါဘူး။ သေချာ တာကတော့ မျက်နှာပြင်ကြီးကြီးနဲ့ ထုတ်မှာမို့ Display အကျယ်များနဲ့ တကယ် လက်တွေ့ စမ်းသပ်လျက် ရှိပါတယ်။

iPhone 6 အနေနဲ့ ဘယ်လိုဖြစ်လာမယ်ဆိုတာကို အောက်ပါ ဗီဒီယိုက ခန့်မှန်းချက်မှာ လေ့လာ နိုင်ပါတယ် ။

http://youtu.be/36d-U8AfxAk

ref: အောင်ခမ်း (www.smart.com.mm)

0 comments:

Post a Comment