Powered by Blog - Widget

Thursday, March 20, 2014

LG မှ သင်္ကြန်အကြို အထူးဈေးရောင်း ပွဲတော် ကျင်းပမည်



Aung Ko Htet (MM IT Knowledge)

တောင်ကိုရီးယားနိုင်ငံအခြေစိုက် LG ကုမ္မဏီမှ မြန်မာနိုင်ငံရှိ LG product အသုံးပြုသူများအား ကျေးဇူးတုန့်ပြန်သည့် အနေဖြင့် မဟာသင်္ကြန်အကြို အထူး ဈေးရောင်းပွဲတော်ကြီး အား LG Showroom များနှင့် LG Brad Shop များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။

အဆိုပါ သင်္ကြန်အကြို အထူးဈေးရောင်းပွဲတော်ကြီးအား မတ်လ ၁၉ရက်နေ့မမှစတင်၍ ဧပြီလ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ် ပြီး အဆိုပါ အထူးဈေးရောင်းပွဲတော်ကြီးအတွင်း ၌ LG မှ ဖြန့်ဖြူးရောင်းချနေသည့်LG ဖုန်းများအား အထူးဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

ထို့အပြင် ၀ယ်ယူသည့် ဖုန်းအမျိုးအစားပေါ်မူတည်၍ ငွေကျပ် ၁၀,၀၀၀(တစ်သောင်း) မှ ၃၀,၀၀၀(သုံးသောင်း)အထိ မေတ္တာလက်ဆောင်အဖြစ် Cash Back ပြန်လည်ပေးအပ်မည့် အစီအစဉ်များနှင့် LG ဖုန်းဝယ်ယူသူတိုင်းကို ရေစိုခံဖုန်းအိတ်များနှင့် Original LG ဖုန်းကာဗာများ ကို မေတ္တာလက်ဆောင်အဖြစ် ပေးအပ်သွားမည် ဖြစ်သည်။

“ ကျွန်တော်တို့ LG Electoronic အနေဖြင့် LG product များကိုအစဉ်အမြဲအားပေးနေတဲ့ မိဘပြည်သူတွေကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ဒီ မဟာသင်္ကြန်အကြို အထူးဈေးရောင်ပွဲတော်အား ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်” ဟု LG Myanmar ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Mr. Min Park ကပြောကြားသည်။

မတ်လ ၁၉ ရက်နေ့မှ ဧပြီ ၁၁ ရက်နေ့ထိ ကျင်းပမည့် LG ၏ အဆိုပါ သင်္ကြန်အကြိုအထူး ဈေးရောင်းပွဲတော်ကြီးအား ရန်ကုန်နှင့် မန္တလေးရှိ LG Showrooms များ၊ Brand Shops များနှင့် Wai Yan အီလက်ထရောနစ် ဆိုင်ခွဲများ အားလုံးတွင် LG ချစ်သူများအားလုံး ၀င်ရောက်ဆင်နွှဲကာ LG စမတ်ဖုန်းများကို အထူးသက်သာသော လျှော့ဈေးများဖြင့် ၀ယ်ယူအားပေး နိုင်မည် ဖြစ်သည်။

အသေးစိတ် ထပ်မံသိရှိလိုပါက Hot Line ဖုန်းနံပါတ်များ ဖြစ်သော 09 6800 910, 01 379955, 01 544664, 01 254561, 02 64029 နှင့် Call Centre ဖုန်းနံပါတ် 01 860 3499 များသို့ ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ပါသည်။

Link > http://lgmyanmar.blogspot.com/2014/03/lg.html


ref: LG Myanmar

0 comments:

Post a Comment