Powered by Blog - Widget

Tuesday, March 25, 2014

Google Glass ဟာ နာမည်ကြီး မျက်မှန်ကုမ္ပဏီတွေနဲ့ လက်တွဲ



Aung Ko Htet (MM IT Knowledge)
 
Google ဟာ မကြာသေးခင်က ဖက်ရှင်နဲ့ ၊ မြင့်မားတဲ့လူနေမူ lifestyle တစ်ခုကို နည်းပညာမြင့်ပစ္စည်းနဲ့ တွဲဖက်ပေါင်းစပ်ဖို့အတွက် Luxottica Group နဲ့ လက်တွဲခဲ့တယ်လို့ သိရပါတယ်။ ထို အုပ်စုဟာဆိုရင် အီတလီအခြေစိုက် ကမ္ဘာ့ပေါ်မှာ အကြီးဆုံး မျက်မှန်ကုမ္ပဏီတစ်ခု ဖြစ်ပြီး ကမ္ဘာ့ မျက်မှန်လုပ်ငန်းတွေရဲ့ အဓိက ၈၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်နေတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်ပြီး Ray-Ban နဲ့ Oakley တို့လို နာမည်ကြီး Brand တွေပါဝင်ပါတယ်။

ထိုသို့ လက်တွဲမူတွေကနေပြီး ကြီးမားတဲ့ အရေးပါမူတွေ ဖြစ်လာတော့မှာ ဖြစ်ပြီး မျက်မှန်တွေရဲ့ ဒီဇိုင်း၊ ဖွံဖြိုးမူ၊ ဖြန့်ချိခြင်းတွေအတွက် ဗျူဟာ ပါတနာအဖြစ် လက်တွဲဖို့ အတွက် ဖြစ်ပါတယ်။ နောက်ထပ်အနေနဲ့က ဖက်ရှင် အမိုက်စားတွေ၊ လူနေမူ Lifestyle ၊ တီထွင်မူ နည်းပညာတွေအတွက် လည်းပါဝင်ပါတယ်။

ဒီအတွက် နောက်ထပ် တိုးတက်လာတဲ့ စမတ် eye wear တွေကို မကြာတော့တဲ့ အချိန်မှာတွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

ref: Aung Heine ( www.smart.com.mm )
 

0 comments:

Post a Comment