Post By Aung Ko Htet (MM IT Knowledge)
အမေရိကန် Kickstarter မှ ထုတ်လုပ်တဲ့ စက်ပစ္စည်း အသစ် ဖြစ်ပြီး ရေ ထည့်လိုက်ရင် ဝိုင်အပြင် ပြောင်းလဲ ထုတ်လုပ် ဖန်တီးပေးမှာ ဖြစ်ကြောင်း သိရပါတယ်။
သို့ပေမယ့် ingredient တော့ ကိုယ်တိုင် ထည့်ဖို့ လိုပါလိမ့်မယ်။ စပျစ် အရသာ ရချင်ရင် စပျစ် ပေါင်ဒေါ၊ လိမ္မော် ဆိုရင် လိမ္မော် ပေါင်ဒါ အစ ရှိသဖြင့် လိုအပ်တဲ့ အသီး ပေါင်ဒါ ကိုတော့ ထပ်ထည့်ပေးရ ပါအုံးမယ်။ ဒါကလည်း ကိုယ်ကျစရိတ် မများပါဘူး။ မြန်မာပြည်တွင်းမှာလည်း အလွယ် တကူ ဝယ်ယူလို့ရတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ ဗူးထဲကို ရေ ထည့်ပြီး ပေါင်ဒါ ထည့်လို့ ၂၄ နာရီလောက် အနည်းဆုံး ပေါင်းခံ ထားလိုက် ရင် အရသာ အတော် ကောင်းတဲ့ ဝိုင်ကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူကို Miracle Machine လို့ အမည်ပေး ထားပါတယ်။
စက်မှာ Wi Fi, Bluetooth ပါပြီး dedicated app တစ်ခုနဲ့ ဖုံးမှာ သုံးရင် ကိုယ် ပေါင်းခံ ထားတဲ့ ဝိုင်ရဲ့ အခြေအနေ ကိုလည်း ကွန်ပြူတာ၊ ဖုန်း တွေကနေ အမြဲ ထောက်လှမ်း နေနိုင်မှာ ဖြစ်ပါတယ်။
လိုအပ်တဲ့ ပေါင်ဒါ အမျိုးအစား များကိုလည်း ဝယ်ယူလို့ ရအေင် အကြံပေး ပါသေးတယ်။ Miracle Machine ရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၅၀၀ ဝန်းကျင် ရှိပါတယ်။ လာမယ့် လများ အတွင်း ရေကို ဝိုင် အဖြစ် ပြောင်း လဲ ပေး မယ့် ယင်း စက်ကို ဖြန့်ချိ ရောင်းချ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
Credit>>> အောင်ခမ်း (smart.com.mm)
0 comments:
Post a Comment