Monday, March 3, 2014
Home »
News
» အာဆီယံနိုင်ငံများနည်းတူ တယ်လီဖုန်းသိပ်သည်းဆရောက်ရှိနိုင်ရန် ကြိုးပမ်းလျက်ရှိဟု ၀န်ကြီးဌာနဆို
အာဆီယံနိုင်ငံများနည်းတူ တယ်လီဖုန်းသိပ်သည်းဆရောက်ရှိနိုင်ရန် ကြိုးပမ်းလျက်ရှိဟု ၀န်ကြီးဌာနဆို
Post By Aung Ko Htet ( MM IT Knowledge)
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင် ရန်အတွက် ၂၀၁၄ခုနှစ်ဇန်န၀ါရီ(၃၀)ရက်နေ့တွင် နိုင်ငံတကာအဆင့်မီ ပြည်ပအော်ပရေတာနှစ်ဦးကို လိုင်စင်လက်ဝယ်ပေးအပ်ထားခဲ့ပြီး ဖြစ်သော်လည်း တစ်နိုင်ငံလုံးတွင် မိုဘိုင်းလ်ကွန်ရက် ပြန့်ကျက်ထား နိုင်ရန် ဆက်သွယ်ရေး တာဝါတိုင်ပေါင်း (၁၀,၀၀၀) ကျော်လိုအပ်လျက် ရှိကြောင်း သိရှိရသည်။
“ မြန်မာနိုင်ငံရဲ့ တယ်လီဖုန်းသိပ်သည်းဆကို အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဗီယက်နမ်၊ စင်္ကာပူ၊ အင်ဒိုနီးရှား နိုင်ငံတွေနဲ့နည်းတူ ရောက်ရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ တယ်။ ဒါ့အပြင် များမကြာမီကာလအတွင်းမှာပဲ ရတနာပုံတယ်လီပို့ အများပိုင်ကုမ်္ပဏီကို တရားဝင်အော်ပရေတာလုပ်ငန်းလိုင်စင်လက် ၀ယ်ပေးအပ်သွားနိုင်ဖွယ်ရှိပါတယ်”” ဟု မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာ ရေးနှစ်အတွင်း မိုဘိုင်းလ်ဆက်သွယ်ရေးတာဝါတိုင်ပေါင်း (၄၀၀)နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း မိုဘိုင်းလ်ဆက်သွယ်ရေးတာဝါ တိုင်ပေါင်း (၁,၁၇၀) ကိုထပ်မံတိုးချဲ့ တည်ဆောက်သွားရန်စီစဉ်ထား ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန် ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောကြားခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မြန်မာတစ်နိုင်ငံလုံးအနေအထား အတွက် မိုဘိုင်းလ်ကွန်ရက် ကောင်းမွန်စေရန် ဆက်သွယ်ရေးတာဝါ တိုင်ပေါင်း (၁,၆၅၅) တိုင် တည်ဆောက်ထားရှိပြီးဖြစ်သည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာ နအနေဖြင့် တယ်လီဖုန်းသိပ်သည်းဆကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်တွင် ၂၇ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၅၀ရာခိုင် နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ၇၅ရာခိုင်နှုန်းနှင့် ၈၀ရာခိုင် နှုန်း အသီးသီးရောက်ရှိစေရန် ရည်မှန်းထားရှိသည်။
ေ
Credit>>> အာင်ရဲကျော်
0 comments:
Post a Comment