Thursday, March 6, 2014
Home »
Myanmar News
,
News
» မိုဘိုင်းလ်ဖုန်း တင်သွင်းမှုအတွက် အခွန်ကင်းလွတ်ခွင့်ပေးထားကြောင်းသတင်းများထွက်ပေါ်
မိုဘိုင်းလ်ဖုန်း တင်သွင်းမှုအတွက် အခွန်ကင်းလွတ်ခွင့်ပေးထားကြောင်းသတင်းများထွက်ပေါ်
Post By Aung Ko Htet ( MM IT Knowledge)
အရှေ့တောင်အာရှနှင့် အာရှတိုက်အတွင်းမှ ပြုလုပ်တင်သွင်း သော မိုဘိုင်းလ်ဟန်းဆက်များကို မြန်မာနိုင်ငံ အတွင်း တင်သွင်း ရောင်းချရာတွင် အခွန်ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းမိုဘိုင်းလ်ဈေး ကွက်အတွင်းမှ တစ်ဆင့်သိရှိရသည်။အဆိုပါ မိုဘိုင်းလ်ဖုန်းများတင်သွင်းခြင်းနှင့် ပတ်သက်၍ အခွန် ကင်းလွတ်ခွင့်ပေးသွားရန် စီစဉ်ထားရှိခြင်းကို သက်ဆိုင်ရာဝန်ကြီးဌာန များမှ တရားဝင်ထုတ်ပြန် ထားခြင်းမရှိသေးကြောင်း သိရှိရသည်။ ““ အခုလောလောဆယ်တော့ အာရှနဲ့ အရှေ့တောင်အာရှက မိုဘိုင်းလ် ဟန်းဆက်တွေ တင်သွင်းရာမှာအခွန်ကင်းလွတ်ခွင့်ပေးမယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန် ကြေညာထားခြင်း မရှိသေး ပါဘူး။ ဒါပေမယ့် အခွန်ကင်းလွတ်ခွင့်နဲ့ပတ်သက်ပြီး တရားဝင်သတင်း ထုတ်ပြန်ရင်လည်း သတင်းစားတွေကတစ်ဆင့် အတိအလင်းကြေညာ သွားမှာပါ”ဟု ၁၈၇၉ Call Center မှ ပြန်လည်ဖြေကြားထားရှိသည်။
ထို့အပြင် ဘဏ္ဍရေးနှင့်အခွန်ဝန်ကြီးဌာန ဖုန်းနံပါတ် (၁၆၇-၄၁၀၀၄၆) သို့ဆက်သွယ်မေးမြန်းရာတွင် ဖုန်းမကိုင်ကြောင်းသိရှိရသည်။
လက်ရှိကာလတွင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမေ်္ဘာဒီယား၊ လာအို၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘရူနိုင်း အစရှိသောနိုင်ငံများမှ ထုတ်လုပ်သော မိုဘိုင်းလ်ဖုန်း များကို မြန်မာနိုင်ငံ တွင်အသုံးပြုသူနည်းပါးလျက်ရှိသည်။ သို့သော် အာရှအင်အားကြီး နိုင်ငံတစ်နိုင်ငြံ ဖစ်သော တရုတ်နိုင်ငံမှ Smartphoneများကို မြန်မာနိုင်ငံတွင် အသုံးပြုမှုအရေအတွက်များ ပြားလျက်ရှိသည်။ ထို့ကြောင့် နောက်ပိုင်းကာလများတွင် မိုဘိုင်းလ် ဖုန်းများကို အခွန်ကင်းလွတ်ခွင့်ပေးခြင်းကြောင့် မိုဘိုင်းလ်ဟန်းဆက် များ၏ ဈေးနှုန်းများ ဆက်တိုက်ကျဆင်းဖွယ်ရှိကြောင်း မိုဘိုင်းလ်နည်း ပညာရပ်ဝန်းမှ တစ်ဆင့်ကြားသိရသည်။
Credit>>> အောင်ရဲကျော်
0 comments:
Post a Comment