Sunday, March 2, 2014
Home »
News
» Facebook က Messaging App တစ်ခုဖြစ်တဲ့ WhatsApp ကို အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံနှင့်ဝယ်ယူခဲ့
Facebook က Messaging App တစ်ခုဖြစ်တဲ့ WhatsApp ကို အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံနှင့်ဝယ်ယူခဲ့
Post By Aung Ko Htet ( MM IT Knowledge)
ကမ္ဘာပေါ်တွင်လူသုံးများတဲ့ Social Media တစ်ခုဖြစ်တဲ့ Facebook က Messaging App တစ်ခုဖြစ်တဲ့ WhatsApp ကိုအမေရိ ကန်ဒေါ်လာ ၁၆ဘီလီယံအကုန်အကျခံပြီးသဘောတူညီမှုရယူကာဝယ်ယူ လိုက်ပြီဖြစ်ကြောင်းသိရှိရသည်။
ယင်းသို့ဝယ်ယူခြင်း ရဲ့ရည်ရွယ်ချက်မှာ Facebook က Mobile Messaging ဈေးကွက်ကိုတိုးချဲ့ရန်အတွက်ဖြစ်ပြီးလူသားတွေတစ်ဦးနဲ့တစ်ဦးအလွယ်တ ကူဆက်သွယ်နိုင်ရန်အတွက်လည်းပါဝင်ကြောင်းသိရသည်။
Facebook က WhatsApp အားဝယ်ယူတဲ့ငွေကို ၄ဘီလီယံ အားငွေသားနှင့်ပေးချေပြီး ၁၂ဘီလီယံကိုမူ Stock ကနေပေးချေသွားမည်ဟုပြောကြားထားသည်။
WhatsApp ဟာလက်ရှိအသုံး ပြုတဲ့ User ၄၅၀မီလီယံရှိပြီးတစ်နေ့လျှင် User အသစ် ၁မီလီယံအထိဝင်ရောက်သုံးစွဲလျှက်ရှိတဲ့ အောင်မြင်နေတဲ့ Messaging App တစ်ခုဖြစ်ပါသည်။
Facebook ရဲ့ CEO Mark Zuckerberg က “ WhatsApp ဟာသုံးစွဲသူ User ၁ဘီလီယံနဲ့အမြဲထိတွေ့နေ တဲ့ App တစ်ခုဖြစ်ပြီးယင်း ကုမ္ပဏီကိုပိုင်ဆိုင်ခြင်း ဟာကြီးမားပြီး အဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ် “ လို့ဖြေကြားသွားခဲ့ပါသည်။
လက်ရှိမှာတော့ WhatsApp ဟာ Independent ကုမ္ပဏီတစ်ခု အဖြစ်တည်ရှိနေအုံးမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၉ရက်နေ့ကျမှသာ ကုမ္ပဏီနှစ်ခုအပြီးသတ်ပူးပေါင်းသွားမှာဖြစ်ကြောင်းပြောဆိုထားသည်။
Credit>>> Wai Phyo Aung (TSJ Team)
0 comments:
Post a Comment