Powered by Blog - Widget

Wednesday, March 12, 2014

သင့်ရဲ့ Computer, Tablet , Smartphone တွေကို မရောင်းခင် ပြုလုပ်သင့်တဲ့အချက်များ



Aung Ko Htet (MM IT Knowledge)

သင့် ရဲ့  PC,Tablet,Phone တွေကို တစ်စုံတစ်ယောက်ကို ရောင်းတော့မယ်ဆိုရင် သင့် ရဲ့  Personal Data တွေ ပါမသွားအောင် ပြုလုပ်သင့်တဲ့အချက်တွေရှိပါတယ်။သင့်ရဲ့ဒေတာတွေကို Delete ကီးနှိပ်ပြီးဖျက်ရုံနဲ့ မလုံလောက်ပါဘူး။ဖျက်လိုက်တဲ့ဒေတာတွေကို ပြန်ရှာနည်းတွေ ရှိပါတယ်။အဲဒီအတွက် သင့် Device တွေကို မရောင်းခင်ပြုလုပ်သင့်တဲ့အချက်တွေကို အောက်မှာလေ့လာပါ။

Personal Data တွေကို Backup လုပ်ပါ။
=======================

သင့် Computer ကို တစ်ခြားသူဆီမရောင်းခင် အရေးကြီးဒေတာတွေကို Backup လုပ်ပါ။Backup Manager ဆော့ဝဲတွေကိုအသုံးပြုနိုင်ပါတယ်။ Windows မှာလည်း Backup လုပ်နိုင်တဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ Windows 8 မှာ File History ကို အသုံးပြုပြီး Backup လုပ်နိုင်ပါတယ်။ Dropbox လို Cloud ၀န်ဆောင်မှု မှာ သိမ်းဆည်းခြင်းဖြင့် ကွန်ပြူတာ အသစ်မှာ အလွယ်တကူ ဒေါင်းလုပ်ရရှိနိုင်မှာဖြစ်ပါတယ်။

Smart Phone,Tablet တွေကို Backup လုပ်ဖို့ အတွက် အထွေအထူး ပြုလုပ်စရာမလိုပါဘူး။ စမတ်ဖုန်း နဲ့ တက်ဘလက် တွေ က ဒေတာ တွေဟာ အွန်လိုင်း ၀န်ဆောင်မှု တွေနဲ့ Sync ပြုလုပ်ကြတဲ့အတွက် ဖြစ်ပါတယ်။ စမတ်ဖုန်းမှာ နဂို ပါရှိတဲ့ Google Plus App က သင့် ဓာတ်ပုံ ၊ ဗီဒီယို တွေကို Cloud မှာ သိမ်းပေးနိုင်ပါတယ်။ Default အားဖြင့် သိမ်းပေးမှာမဟုတ်ပေမယ့် Google Plus App ရဲ့ Settings ထဲမှာ ပြုလုပ်နိုင်ပါတယ်။ အရေးကြီးတဲ့ ဖိုင်တွေကို External Drive တစ်ခုမှာ သေချာအောင် ထပ်မံသိမ်းဆည်းသင့်ပါတယ်။ iPhone မှာတော့ Photo Stream ကို Enable လုပ်ထားရင် ဓာတ်ပုံတွေကို iCloud မှာ သိမ်းပေးထားမှာဖြစ်ပါတယ်။

DRM Purchases တွေကို Deauthorize လုပ်ပါ။
==========================

Online က ၀ယ်ယူထားတဲ့ သီချင်းတွေ၊ဆော့ဝဲတွေ စတဲ့ Digital Content တွေကလည်း ထည့်သွင်းစဉ်းစားရမယ့်အချက်ပါ။တစ်ချို့ ပစ္စည်းတွေက Digital Rights Management(DRM) နည်းပညာပါရှိပြီးသင့် ကွန်ပြူတာကို အမှတ်အသားလုပ်ထားတာဖြစ်ပါတယ်။
ဥပမာအားဖြင့် iTunes Store ကနေ ၀ယ်ယူထားတဲ့ ပစ္စည်းတွေကို အသုံးပြုဖို့  သင့်ကွန်ပြူတာကို သင့် Apple ID နဲ့ “Authorized” ပြုလုပ်ထားဖို့ လိုပါတယ်။ Authorized Computers အများဆုံး ငါးလုံးအထိသတ်မှတ်နိုင်ပါတယ်။သင်ရောင်းမယ့် ကွန်ပြူတာကို Deauthorize မလုပ်မိရင် Authorize လုပ်ဖို့ ကွန်ပြူတာလေးလုံးပဲကျန်တော့မှာဖြစ်ပါတယ်။Deauthorize မလုပ်မိဘဲဝင်းဒိုးကို ပြန်အင်စတောလုပ်မိရင်လည်း Authorized Computer တစ်ခု အလကားဆုံးရှုံးတာကိုသတိပြုပါ။
ကွန်ပြူတာကို Deauthorize လုပ်ဖို့  DRM application ကို အသုံးပြုရမှာပါ။ ဥပမာအားဖြင့် iTunes မှာ Store menu ကနေ Deauthorize This Computer ကိုနှိပ်ရမှာပါ။ကံကောင်းတဲ့အချက်ကတော့ Deauthorize လုပ်ဖို့ မေ့ခဲ့ရင် နောက်ပိုင်းမှ Deauthorize လုပ်နိုင်ဖို့  iTunes ကပြုလုပ်ပေးထားပါတယ်။

Smart Phones တွေမှာတော့ DRM activation လို တဲ့ Service တွေမရှိသေးပါဘူး။အဲဒီအတွက် Smart Phone တွေမှာတော့ ဒီကိစ္စကိုထည့်သွင်းစဉ်းစားစရာမလို ပါ။

Drive ကို Wiipe လုပ်ပါ။
=============

ဒီအပိုင်းမှာတော့ HDD Drive တွေ အသုံးပြုတဲ့ Windows 7 နဲ့ အရင်ဝင်းဒိုးတွေအတွက်အကျုံးဝင်ပါတယ်။တကယ်လို့ သင့်ကွန်ပြူတာဟာ SSD Drive တပ်ဆင်ထားရင် ၊ Windows 8 PC,Tablet,Smart Phone တွေအတွက်ဆိုရင် နောက် အပိုင်းကိုကျော်ဖတ်ပါ။
HDD Drive တပ်ဆင်ထားတဲ့ ကွန်ပြူတာမှာဆိုရင် ဖိုင်တွေကို ရိုးရိုးဖျက်ပစ်ရုံနဲ့ မလုံလောက်ဘဲ သင့်ကွန်ပြူတာကိုဝယ်ယူသွားသူကသင့်ဖိုင်တွေကိုပြန်ရှာနိုင်ပါတယ်။အဲဒီအတွက် DBan လို Tool မျိုးကိုသုံးနိုင်ပါတယ်။DBan က သင့် Drive တစ်ခုလုံးက ဒေတာအားလုံးကို ဖျက်ဆီးပစ်မှာဖြစ်ပြီး တစ်ချို့ စက်တွေမှာပါရှိတဲ့ Recovery Partition ကိုပါဖျက်ဆီးပစ်မှာပါ။အဲဒီအတွက် သင့် Personal Data တွေသူများတွေ ပြန်ရှာမတွေ့ နိုင်တော့ပါ။

SSD Drive တပ်ဆင်ထားတဲ့ ကွန်ပြူတာတွေ မှာတော့ ဖိုင်တွေကို ဖျက်လိုက်ရင် TRIM Command ကိုအသုံးပြုပြီးချက်ချင်းဖျက်လိုက်တာပါ။ပြန်ရှာလို့ လည်းမရပါဘူး။အဲဒီအတွက် သင့်ကွန်ပြူတာက SSD Drive ဆိုရင် Wipe လုပ်ဖို့ မလို ပါ။
Windows 8 အသုံးပြုသူတွေအတွက်တော့ အသစ်ပါရှိလာတဲ့ Feature တစ်ခုဖြစ်တဲ့ Refresh & Reset ကိုသုံးနိုင်ပါတယ်။ Refresh & Reset က သင့် Hard Drive တွေကဒေတာတွေကို ပြန်ရှာမရအောင် Wipe လုပ်ပေးနိုင်ပါတယ်။

Smart Phone, Tablet တွေမှာတော့ Factory Reset option ကိုသုံးနိုင်ပါတယ်။Android မှာ Settings>Backup & reset>Faactory data reset ကိုနှိပ်ပါ။ iOS မှာ Settings>General>Reset>Erase All Content and Settings ကိုနှိပ်ပါ။

အပေါ်ကနည်းတွေကို ပြုလုပ်ပြီးပြီဆိုရင်တော့ သင့် Devices တွေဟာ စက်ရုံထုတ် အသစ်အတိုင်းဖြစ်သွားပါပြီ။သင့် Device တွေကို တစ်ခြားသူကို ရောင်းချနိုင်ပါပြီ။သင့်ဒေတာတွေကို တစ်ခြားသူ ပြန်ရှာတွေ့ မှာစိုးရိမ်စရာမလို တော့ပါဘူး။
 
 



 
 
REF: Myanmar Digital Life
 
 

0 comments:

Post a Comment