Powered by Blog - Widget

Monday, March 3, 2014

Google က Modular Phone ကို အရွယ် သုံးမျိုးထုတ်လုပ်မည်


Post By Aung Ko Htet ( MM IT Knowledge)

 
Google က Motorola ရဲ့ မိုဘိုင်းဌာန ကို ၀ယ်ယူပြီးနောက်မှာ Project Ara စီမံကိန်း ကို စတင်ခဲ့ပါတယ်။ Project Ara ရဲ့ ရည်ရွယ်ချက်က အစိတ်အပိုင်းများ ကို ဖြုတ်တပ်လဲလှယ်နိုင်တဲ့ Modular Phone များ ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ Google က Motorola မိုဘိုင်းဌာန ကို Lenovo ကို ရောင်းချခဲ့ပေမယ့် Project Ara အဖွဲ့သားတွေကို ထိန်းသိမ်းထားပြီး စီမံကိန်း ကို ဆက်လက် ပြုလုပ်နေပါတယ်။

Modular Phone များမှာ အစိတ်အပိုင်းများ ကို နှစ်သက်ရာ လဲလှယ်နိုင်တာဖြစ်ပါတယ်။ ကင်မရာ မကြိုက်ရင် ဖုန်းအသစ် တစ်လုံး ၀ယ်ယူစရာ မလိုတော့ဘဲ ကင်မရာ ကို သာ ဖြုတ်လဲနိုင်ပါတယ်။ အခြား အစိတ်အပိုင်းများ ကို လည်း ဒီလို ဖြုတ်တပ်နိုင်ပါတယ်။

Google က Developer Conference ကို ဧပြီ (၁၅) နဲ့ (၁၆) မှာ ကျင်းပမယ်လို့ ကြေညာလိုက်တဲ့အချိန်မှာ Project Ara ကို လူတွေ စိတ်ဝင်စားလာကြပါတယ်။ Project Ara ရဲ့ အဖွဲ့သားတစ်ယောက် က Modular Phone နဲ့ ပတ်သက်ပြီး သတင်းပေးထားပါတယ်။

Modular Phone ကို စတင်ရောင်းချချိန်မှာ အရွယ်သုံးမျိုး ရောင်းချပေးမှာ ဖြစ်ပါတယ်။ လေးလက်မ၊ ငါးလက်မ နဲ့ Phablet အရွယ်တစ်မျိုး ဖြစ်ပါတယ်။ Google က Modular Phone ကို ဈေးသက်သာအောင် ပြုလုပ်ပေးမှာ ဖြစ်ပြီး ဒေါ်လာ ငါးဆယ်လောက် နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ အစိတ်အပိုင်းများကို သီးခြား ၀ယ်ယူအသုံးပြုရမှာ ဖြစ်ပါတယ်။

Google က အစိတ်အပိုင်းတွေ ၀ယ်ယူနိုင်ဖို့ Ara Store တွေကို ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။ အခြား အရောင်းဆိုင်များမှာလည်း အစိတ်အပိုင်းတွေကို ရောင်းချနိုင်တယ်လို့ သိရပါတယ်။ Time ရဲ့ဖော်ပြချက်အရ Modular Phone တွေကို ၂၀၁၅ ခုနှစ် အစောပိုင်းမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။


Credit>> Myanmar Digital Life 

0 comments:

Post a Comment