Powered by Blog - Widget

Saturday, March 1, 2014

LokaNiti (လောကနီတိ) Mobile App မကြာမီ ထွက်ရှိမည်



Post By Aung Ko Htet (MM IT Knowledge)
ရှေးပညာရှိများအဆိုအမိန့် များဖြစ်သောလောက ကောင်းကျိုးဆိုင်ရာ လိုက်နာဖွယ်၊ ဆောင် ရန်၊ ရှောင်ရန်နီတိများ ပါဝင်သော လောကနီတိကျမ်း Mobile Application မကြာမီ ထွက်ရှိမည်ဖြစ်ကြောင်း Felix Myanmar မှသိရသည်။

 “နီတိနဲ့ပတ်သက်လို့ ရှေးကပညာရှိတွေ၊ ဆရာတွေက ရှိသင့်ရှိထိုက်၊ သိသင့်သိထိုက်တယ်လို့ ဆိုကြသလိုဘပဲ လောကမှာလူတော် အရေးကြီးသလို လူကောင်းဖြစ်ဖို့လည်း အရေးကြီးတယ်လေ။
လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပြည့်နေတဲ့လူတွေကြားမှာ လူငယ်တွေ အယူမမှားဖို့၊ အမြင်မမှားဖို့အတွက် လောကနီတိက တစ်နေရာရာကနေ အကူအညီ ပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဒီ App လေးကိုလုပ်ဖြစ်သွားတာပါ” ဟု Felix Myanmar မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

 အဆိုပါ LokaNiti App တွင် လောကနီတိကဗျာနှင့် အဖွင့်ကိုမြန်မာ စကားပြေနှင့်အလွယ်ကူဆုံး နားလည်နိုင်ရန်ပြုစုထားပြီး ဖတ်ရှု၍ကြိုက်နှစ်သက်သည့် စာပိုဒ်များကို Facebook, Viber, Email စသည်တို့မှ တစ်ဆင့်ပြန်လည် ဝေမျှနိုင်မည်ဖြစ်သည်။ Application ကို Google PlayStore, Samsung App Store နှင့် Felix Myanmar ဝက်ဘ်ဆိုဒ် www.felixmyanmar.net/products/lokaniti တို့တွင်  ၁၃.၂.၂၀၁၄ ရက် (ကြာသပတေးနေ့) မှစ၍ အခမဲ့ရယူ အသုံးပြုနိုင်မည် ဖြစ်သည်။

 Filex Myanmar သည်ဝက်ဘ်ဆိုဒ်နှင့် Mobile App များ ၂၀၁၂ ခုနှစ်မှစတင်၍ ရေးသားဖန်တီးခဲ့ပြီး MmCalendar MmYear100 (နှစ်တစ်ရာပြက္ခဒိန်) များအပါအဝင် Mobile Application ကိုးခုခန့်ကို
ရေးသားထုတ်လုပ်ပြီး ဖြစ်ကြောင်းသိရသည်။

 Credit>>> -သူရ

0 comments:

Post a Comment