Post By Aung Ko Htet (MM IT Knowledge)
Game ကစားဖို့အတွက်သာမက Graphic သမားများအတွက် Performance
ကောင်းကောင်း အသုံးပြုချင်သူတွေအတွက် အထူးဒီဇိုင်းဖြင့်ပြုလုပ်ထားတဲ့ Gaming Notebook ဖြစ်ပါတယ်။
ယခင် Series များထက် ပိုမို ပါးလွှာတဲ့ ဒီဇိုင်းနဲ့ပြုလုပ်ထားပြီး
မျက်နှာပြင်က 17.3” Full HD ဖြစ်တဲ့အတွက် ကြီးမားကျယ်ပြန့်တဲ့
မျက်နှာပြင်မှာ ဂိမ်းကစားရတဲ့ရသကို ခံစားနိုင်မှာဖြစ်သလို၊ ဗီဒီယိုကြည့်ခြင်းများ၊ Auto CAD နဲ့ ဂရပ်ဖစ်ဒီဇိုင်းဆွဲခြင်းများအတွက်လည်း များစွာ အသုံးတည့်မှာပါ။
Keyboard က Gaming အတွက်သီးသန့် ထုတ်လုပ်ထားတဲ့ Steelseries မှ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။
Intel 3rd Generation CPU Ivy Bridge Core i7 ကိုအသုံးပြုထားပြီး Memory
ကို DDR 3 8GB တပ်ဆင်ထားကာ 16GB အထိ အမြင့်ဆုံး တပ်ဆင်နိုင်မှာဖြစ်ပါတယ်။
Graphic ပိုင်းကို Nvidia ရဲ့ Geforce GTX 660 M (GDDR5 -2GB)
သုံးစွဲထားပါတယ်။ Data များသိုလှောင်သိမ်းဆည်းနိုင်ဖို့ HDD 750 GB ပါဝင်ပြီး RPMကတော့ 7200 ဖြစ်ပါတယ်။
Blu Ray Drive ထည့်သွင်းထားတာက အခြားသော Laptop များနဲ့ကွဲပြားတဲ့အချက်ပြီး Entertainment ပိုင်းနဲ့ပတ်သက်ကာ အမြင့်ဆုံးရသကိုခံစားနိုင်မှာဖြစ်ပြီး ယင်းကိုပံ့ပိုးပေးနိုင်စေမယ့်
အသံစနစ် အဖြစ် Theater Class Speaker (4) ခုတပ်ဆင်ထားပြီး THX Trustudio
Pro စနစ်ဖြင့် Dynaudio မှထုတ်လုပ်ပေးထားပါတယ်။ Internet သုံးနိုင်ဖို့
Wifi b/g/n စနစ်ပါဝင်ပြီး 1GB LAN port တစ်ခုပါဝင်ပါတယ်။
USB 2.0 ကနှစ်ခု၊ USB 3.0 က နှစ်ခု ၊ Card Reader Port
တစ်ခုပါဝင်ပြီး Bluetooth က 4.0 ဖြစ်ပါတယ်။ HDD Webcam လည်းပါဝင်ပါတယ်။ GPU
Boost ဆိုတဲ့နည်းပညာကတော့ Graphic ကဒ်နဲ့ Integrated ဂရပ်ဖစ်ကို
အလိုအလျောက် ပြောင်းလဲပေးမှာဖြစ်တဲ့အတွက် ပါဝါစားသုံးမှုကိုလျော့နည်းစေမှာဖြစ်ပါတယ်။
စက်တစ်ခုလုံးရဲ့ စွမ်းဆောင်ရည်ကို အလွယ်တကူမြှင့်တင်ဖို့ Turbo Driver
Engine(TDE) နည်းပညာကိုသုံးစွဲထားရုံမက Network ဂိမ်းတွေနဲ့ Online
ဂိမ်းတွေဆော့တဲ့အခါ Speed မြန်စေနိုင်မယ့် Killer Network
နည်းပညာကိုသုံးစွဲထားပါတယ်။ဈေးနှုန်းကတော့ 1,068,000 ကျပ်နဲ့ Royal Smart Trading Co.,Ltd. 01-379564,379835, 371262 မှာဝယ်ယူနိုင်ပါတယ်။
Tech Space Journal
0 comments:
Post a Comment