Powered by Blog - Widget

Sunday, March 2, 2014

Pioneerနဲ့ Sonyအမှတ်တံဆိပ် DVD Playerများ ဈေးကွက်ဝင်ရောက်


Post By Aung Ko Htet ( MM IT Knowledge)

 
ဒီတစ်ပတ်မှာတော့ ကားနဲ့ ဆက်စပ် ပစ္စည်းဈေးကွက်ကို Pioneerနဲ့ Sonyအမှတ်တံဆိပ် DVD Playerတွေ ဈေးကွက်ဝင်ရောက်လာတာ တွေ့ရတာကြောင့် အဲဒီပစ္စည်းသစ်တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရင်ဆုံး ပြောပြချင်တာက Pioneerအမှတ်တံဆိပ် DVD Playerဖြစ်ပြီးတော့ သူ့ရဲ့ မော်ဒယ်အမှတ်က AVHX 2650BTဖြစ်ပါတယ်။ LCDစနစ်နဲ့ ရုပ်ထွက်တွေကို ပြသပေးမှာ ဖြစ်ပေမယ့် ရုပ်ထွက်ပိုင်းကတော့ မဆိုးလှပါဘူး။ Screenရဲ့ အရွယ်အစားက ၆.၂ လက်မ ရှိမှာ ဖြစ်တာကြောင့် ကားမှာ တပ်ဆင်ဖို့ အနေတော်လောက် ဖြစ်သလို ဒီPlayerက Radio, DVDနဲ့ AV Portတွေ အပြင် USBနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်သေးတာကြောင့် ကောင်းမွန်ပါတယ်။ ကားမောင်းရင်း ထိန်းချုပ်ဖွင့်လှစ်နိုင်မယ့် Steering Controlလည်း ပါဝင်သလို Bluetoothနဲ့ iPod,iPhoneတွေနဲ့ပါ ချိတ်ဆက်နိုင်ဦးမှာ ဖြစ်သလို သူ့ရဲ့ ဈေးနှုန်းက ၃၄၅၀၀၀ကျပ် ဖြစ်ပါတယ်။




နောက်ထပ် တစ်မျိုးကလည်း Sonyအမှတ်တံဆိပ် DVD Playerပဲ ဖြစ်ပြီးတော့ အထက်မှာ ပြောခဲ့တဲ့ မော်ဒယ်လိုပဲ Screenအကျယ်အ၀န်းက ၆.၂လက်မပဲ ရှိမှာ ဖြစ်သလို စွမ်းဆာင်နိုင်မှုတွေကလည်း အထက်မှာ ပြောခဲ့တဲ့ မော်ဒယ်နဲ့ သိပ်ပြီး မကွာလှပါဘူး။ အဲ ဒီနေရာမှာ Sonyက ကွဲထွက်သွားတာက Steering Controlစနစ် မပါဝင်တာကြောင့် အနည်းငယ် လူကြိက်နည်းသွားနိုင်သလို တစ်ဖက်ကလည်း Phoneတွေနဲ့တော့ ချိတ်ဆက်ထိန်းချုပ်နိုင်မှာ ဖြစ်တာကြောင့် ကောင်းနေပြန်ပါတယ်။ သူကတော့ ဈေးနှုန်း ကျပ် ၂၉၀၀၀၀ဖြစ်ပြီးတော့ ဒီပစ္စည်းသစ်တွေကို စိတ်ဝင်စားတယ်ဆိုရင် ကိုလတ် Car Audio & Video၊ ဗညားဒလလမ်း၊ သိမ်ဖြူတင်းနစ်ကွင်းဘေး၊ မင်္ဂလာတောင်ညွန့်မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။


Credit>>> လင်းလင်း(IA)

0 comments:

Post a Comment